part 38

5.3K 272 27
                                    

"အဟွတ် !

"သီးသွားတာလား ၊ ရော့ ရေနွေးလေးသောက်လိုက် တီတီ ၊တအားမပူတော့ဘူး ။အဲ့ဒါကြောင့်ပြောပါတယ် ၊ ငရုတ်သီးစိမ်းတွေ အများကြီးကိုက်မထည့်ခိုင်းပါနဲ့ဆို "

စပ်လွန်းလို့ သူတောင်မစားနိုင်လို့မစားသည့် လက်ဖက်သုပ်ကို တီတီကတော့ အိန္ဒြေပင် မဆည်နိုင်လောက်အောင် အငမ်းမရစားပြီးအခုတော့ သီးပြီလေ ၊နဂိုထဲက အသားဖြူလွန်းသူမို့ မျက်နှာလေးနီလာတာကအစ သိသာလွန်းနေသည် ။

"ရရဲ့လား တီတီနှိုင်း ! ခေတ် ရေသွားခပ်ပေးရမလား !

"ရတယ် ကလေး ! မီးငယ် ပေးတဲ့ရေနွေးနဲ့တင် တို့အစပ်ပြေပါပြီ ။"

တီတီက ပြုံး၍ပြောသည့်အခါ ခေတ်ကသဘောတကျနှင့်ခေါင်းငြိမ့်သည် ။ ထိုစဉ် သွေး၏အကြည့်များ မောင့် ဆီသို့ဖျက်ကနဲကျရောက်သွားသည် ၊

"ဟိုတစ်ယောက်ခနလေးမရှိတာနဲ့မျက်နှာကြီးက ခွေးလိုမှိုင်မနေနဲ့မောင် ကျက်သရေမရှိ ။"

ခေါင်းကြီးအတင်းငုံ့ထားပြီး ဖုန်းကိုသာမဲနေသည့် မောင့် အားအမြင်ကပ်ကပ်နှင့် သူ့ကျောပြင်အားထုရင်း သွေးပြောလိုက်သည် ။

"မဟုတ်ပါဘူးဟ ။ မိန်းကလေးတွေကြားထဲဆိုတော့ ငါလည်းဘာပြောရမှန်းမသိ..!

မောင့် စကားပင်မဆုံးသေး ၊တစ်ဖန် ထပ်မံကျရောက်လာသည့် ခေတ်၏လက်ကြောင့် ကျောတွေပင်တစ်ဆစ်ဆစ်နှင့်ထိုးအောင့်ချင်လာသလိုပင်။ ဒင်းတို့ တကယ်ပဲမိန်းကလေးတွေမှဟုတ်ကြရဲ့လား မသိ ။ပေါင်းလာသည့် တစ်လျှောက်လုံးလည်း နူးညံ့မှုဆိုတာ သူတို့ထံတွင်လားလားမျှမတွေ့ဖူးခဲ့ ၊ မောင် ဟာ ဒီလိုမိန်းကလေးတွေနဲ့ဘယ်လိုလုပ်သူငယ်ချင်းဖြစ်လာသလဲပင် အကြိမ်ကြိမ်အခါခါ ကိုယ့်ကိုယ်ကိုပြန်မေးယူရသည် ။

"အရင်တုန်းကကျတော့ရော မိန်းကလေးတွေကြားထဲ နင်ပဲဦးဆုံးပေါက်ပေါက်ဖောက်နေတာ မဟုတ်ဘူးလား ၊ခုမှခွေးစကားတွေလာပြောမနေနဲ့ ။"

ခေတ်၏စကားအဆုံးမှာ မောင်က ယောကျာ်းတန်မဲ့ မျက်စောင်းခဲသည် ၊သို့ပေမယ့် ဘာမှပြန်မပြောတော့။ ဘယ်တော့မှ တည့်တယ်ရယ်လို့မရှိသည့် ဒီနှစ်ယောက်ကြားထဲမှာ သွေး လည်းလျစ်လျူရှုလိုက်တော့သည်။

အချစ်ရှိရာ အညာမြေWhere stories live. Discover now