"သူ~ သူတို့လက်ထပ်ကြတော့မယ် ဟုတ်လား!
အံ့ဩတုန်လှုပ်မှုတွေနှင့်မယုံကြည်နိုင်ခြင်းများစွာပါဝင်နေသော မုဒွိသဏ္ဌန်၏မျက်နှာကို သွေးစိုက်ကြည့်နေလိုက်သည် ။ခနတွင်းချင်းပင် ချက်ချင်းပြန်ပြင်လိုက်သော မျက်နှာဘေးကြောင့် ခပ်ဆတ်ဆတ်ပြန်ပြောမိသည် ။
"ဟုတ်တယ် သဏ္ဌန် !လက်ထပ်ကြတော့မယ်တဲ့ !
"အဟက် ! အံ့ဩစရာတော့
မရှိပါဘူး ၊ ဒါသူ့ရွေးချယ်မှုပဲလေ !"အွန်းပေါ့ !မင်္ဂလာပွဲကရှေ့အပတ်ထဲမှာဆိုတော့ ငါတို့တတ်နိုင်သလောက်မြန်မြန်သွားရမယ် !ငါကော မကောအပြင်ယွန်းပါလိုက်မယ်ဆိုတော့ နင်ကကျန်နေခဲ့မှာလား သဏ္ဌန် !
"ကျန်မနေခဲ့လို့ ငါကပြုံးပြုံးကြီးလိုက်ခဲ့ရမှာလား ! နင်တို့ဘာသာ သွားစရာရှိတာသွားကြ ! ငါကရတယ်နောက်နှစ်ရက်လောက်နေရင် မောင်ရောက်လာမှာမို့ ငါ့ကိုစိတ်မပူကြနဲ့ !
သူ့စကားကြောင့် သွေး အတော်လေးကိုမျက်နှာပျက်သွားလေသည် ။အချိန်ခနလေးအတွင်းနှင့် မောင့်ကိုအစားထိုးလိုက်သော သူ့ကို စိတ်တိုမိသည်လေ။
"ဘာ ! ဘယ်ကမောင်လဲ !ဘုန်းသက်ဇူးမောင်လို့တော့မပြောနဲ့နော် ။"
"သူပဲလေ !
"ကျစ်! ငါနင့်ကိုသိပ်စိတ်ပျက်တာပဲ မုဒွိသဏ္ဌန် !! နင်တီတီ့အပေါ်ထားတဲ့အချစ်က ဒီလောက်ထိအပေါစားဆန်လိမ့်မယ်လို့ငါမထင်ဘူး !
"ဒီလိုဆို ငါတစ်ခုပြန်မေးမယ် !
ဖောက်ပြန်သွားတာ ဘယ်သူလဲ ၊ဟမ် ဘယ်သူလဲ လွန်းသွေးငယ် !ငါက အထိနာတဲ့သူပါဟ ။""ပိုင်ရှင်ရှိနေမှန်းသိရက်နဲ့အရင်စည်းကျော်ခဲ့တာရော ဘယ်သူလဲ ! အရာရာနင်ပဲအထိနာခဲ့တာမဟုတ်ဘူး တစ်ဖက်မှာလည်း အနာတရတွေနဲ့ပါပဲ ။"
ပြောလိုက်ဖို့မရည်ရွယ်ခဲ့ပေမယ့် သူနာကျင်စေမည့်စကားတွေကိုပဲ ရွေးပြောနေမိသည် ။တကယ်တမ်း ပြောချင်တာ ဒီစကားတွေမဟုတ်ဘူး ။တီတီ့ဘက်က အပြိုင်လိုက်ငြင်းဖို့ ဒီကိုခေါ်လာခဲ့တာမဟုတ်ဘူးလေ။
"အနာတရတွေတဲ့လား ။သူ့မှာငါနဲ့ပတ်သက်ပြီးဘာအနာတရမှရှိမယ်လို့ငါမထင်ဘူး ။ ဟုတ်ပါတယ် နင်ပြောတာမှန်တယ်
ပိုင်ရှင်ရှိနေမှန်းသိရက်နဲ့စည်းကျော်မိတာငါပဲမှားတာ ၊
ကျေနပ်ပြီလား ။"

YOU ARE READING
အချစ်ရှိရာ အညာမြေ
Paranormalအချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး