part 19

2.6K 206 0
                                    


"ဟေ့ မိယွန်း ဘုရားလာတာလား ၊ ‌မမသိမ့်ရော မပါဘူးလား ။"

"ပါတယ်ဟ အနောက်မှာ ဈေးဝယ်နေကြတယ် ။လူတွေအရမ်းတစ်နေလို့ ဒီနားကရပ်စောင့်နေတာ ။"

"ဟုတ်လား ။နင်တို့ ဘုရားသွားဖူးပြီးပြီလား ၊ မသွားရသေးရင် တူတူသွားရအောင်လေ ။"

"ရပါတယ်ဟယ် ။နင့်မှာလည်း အဖော်တွေနဲ့ကို ပြီးတော့ငါတို့က မိန်းကလေးသုံးယောက်တည်းလာတာ နင်တို့အဖွဲ့ကလည်း သုံးယောက်ဆိုတော့တူတူသွားရင် တစ်မျိုးမြင်စရာတွေဖြစ်နေလိမ့်မယ် ။"

"မဖြစ်ပါဘူးဟ နင်ကလည်း ။ တစ်ရွာတည်းသားချင်းချင်းပဲကို ။"

အောင်ထွေးက ထိုသို့ပြောရင်း ပေကပ်နေ၏
သူ့အနောက်က နှစ်ကောင်ကိုကြည့်လိုက်တော့လည်း ရိုးပုံ အပုံမပေါ် ။ ယွန်းလည်း စိတ်ညစ်ညစ်ဖြင့် သက်ပြင်းသာအထပ်ထပ်ချမိလိုက်ပါ၏

----

ဒီဘက်‌ေစျးတွင်တစ်တန်းလုံး မုန့်သည်တွေချည်းသာရှိနေ၏ ။ ဘယ်လောက်တောင် မုန့်သည်တွေများလဲ ဆိုရင် သူတို့ရောင်းနေတဲ့ လေဗန်းထဲက မုန့်တွေ၏အနံ့တွေနဲ့တင်ကို လူကမူးချင်လာသည် ။

"မြည်းကြည့်မယ်နော် ဒေါ်လေး ။"

အနားကနေ ထွက်ပေါ်လာသော အသံချိုချိုလေးကြောင့် ဘေးဘီသို့လျှောက်ကြည့်နေရာမှ အကြည့်လွဲလိုက်မိသည် ။

"မြည်းပါတော် ကြိုက်သလောက်မြည်းကြ "

မျက်နှာတစ်ပြင်လုံးသနပ်ခါးတွေဖွေးနေအောင်လိမ်းထားသည့်အဒေါ်ကြီးသည် သဘောမနှောကောင်းမည့်ပုံ ။ထို့အပြင် သူရောင်းနေသည့် မုန့်တွေ၏အရည်အသွေး‌အပေါ်မှာလည်း အရမ်းယုံကြည်မှုရှိနေပုံ ရသည်။

"အွန့် စားကြည့်ကြည့်  ။အရင်ကစားဖူးလား ။"

အရင်မြည်းစမ်းမကြည့်ပါပဲ သွေး အားအရင်လှမ်းခွံ့နေသည်မို့ မငြင်းဆန်နိုင်ပါပဲ စားလိုက်ရသည် ။ ပြီးခါမှ သဘောကျသွားဟန်ဖြင့် နှစ်လိုဖွယ်ပြုံးပြပြီး သူပါတစ်ခုကောက်စားလေသည် ။

" နည်းနည်းအီတယ်နော် ။"

ဟန်မဆောင်နိုင်ပါပဲ မျက်နှာလေးမဲ့ရင်း ပြောလိုက်တော့ ထောက်ခံစွာဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြလေသည် ။စစခြင်း ဝါးလိုက်တော့ ချိုသောအရအသာကိုအရင်ရသည် ၊ ပြီးမှ အီတဲ့ဘက်ကိုနည်းနည်းလေးသွားသည် ၊ စားမိလိုက်တာ တစ်ခုပဲမို့ နှစ်ခုသုံးခုသာစားလိုက်မိရင်တော့ဖြင့် သေချာသည် ထိုမုန့်တွေပြန်အန်ထွက်‌မှာ ...။

အချစ်ရှိရာ အညာမြေWhere stories live. Discover now