part 23

2.8K 234 5
                                    


"တက်မှာလား မတက်ဘူးလား ။ တစ်ခွန်းပဲ ပြော ။"

ကားမောင်းသူရှေ့တွင် မာရေကျောရေဖြင့် အော်ငေါက်နေသော အမျိုးသမီးကြောင့် သူငိုချင်လာသည် ။ သူ့လက်ထဲက မုန့်ထုပ်လေးတွေအား ငုံ့ကြည့်လိုက်ရင်း ငိုမဲ့မဲ့လေးဖြင့်

"ကျွန်မ ဗိုက်ဆာတယ်လို့ ။ "

ဗိုက်ဆာလို့ တစ်ခုခု ဝင်စားမလား မှတ်ပါတယ် ။ မုန့်ဆင်းဝယ်ချိန် ဆယ့်ငါးမိနစ်တဲ့လေ ။ ရှင်က ဘာမှမစားဘူးလား မေးတော့ သူ့အတွက်ပါ ပိုဝယ်ခဲ့ ၊ပိုက်ဆံပေးမယ်တဲ့ ။
လမ်းခုလတ်မှာဖြစ်တာကြောင့် ဘယ်ဆိုင်မှာ ဘာရှိတယ် ဆိုတာလည်း မသိတာမို့ အနီးအနားကဆိုင်တွေမှာ ဝင်လိုက်ထွက်လိုက် လုပ်ရတာအမောပင် ။ဒါတောင် အကြိုက်ဆုံးရယ်လို့
မတွေ့ခဲ့ ၊ အဆင်ပြေမယ်ထင်တာ လေးတွေသာ ဝယ်လာခဲ့ရ၏ လက်ထဲတွင် ပါလာသော မုန့်တွေသည် နည်းမနေပါသော်လည်း အလွန်းများပြားနေတာလည်း မဟုတ်ပေ ။ဒါကိုပင် နှစ်ယောက်မျှစားရအုံးမည် ။ ကိုယ်က အစားနဲ့ပက်သက်ရင် အရမ်းအထိအတောက်လွယ်တဲ့သူမို့ ဗိုက်ဆာရင် မနေတတ်ပေ ။ မနေတတ်တာထက် ဘာဆိုဘာမှကို မလုပ်ချင်တော့တာ ၊မလုပ်နိုင်တော့တာ ။

"မုဒွိသဏ္ဍန် !! ငါစိတ်မရှည်တတ်ဘူးနော် ။"

ကားလမ်း ပေါ်တွင် သူ့အားအော်ငေါက်နေသော အမျိုးသမီးအား အသေလုပ်ချင်သည် ။ သို့သော် သူဘာတတ်နိုင်မှာလဲ ၊ မကျေနပ်သော်လည်း မျက်နှာ‌ငယ်လေးဖြင့်သာ တက်ရတော့သည် ။

------
သူမတို့နှစ်ဦး၏ ကားလေးဟာ တစ်ဖြည်းဖြည်းနှင့်စစ်ကိုင်းအဝင်သို့ ရောက်လာပါသော်လည်း တစ်လမ်းလုံးတိတ်ဆိတ်ကာ ပါလာသည့် ကောင်မလေးသည် နှိုင်း ဘက်သို့မျက်နှာပင် မလှည့်တော့ပေ ။ အိပ်လိုက် ၊ ဖုန်းကြည့်လိုက် ဖြင့်သာ လိုက်ပါလာ၏

"အဲ့လောက်နဲ့ ဝရဲ့လား ။ အကုန်စားလိုက်တာမဟုတ်ဘူး ။"

ပဲနို့ဘူးကြီးတစ်ဗူးနှင့် ပေါင်မုန့်တစ်ချပ်သာ စားပြီး ပြန်သိမ်းဟန်ပြင်နေသောကြောင့် မနေနိုင်ပဲ ပြောလိုက်မိသည် ။ထို့အခါ အနှီးဘေးနားက ကောင်မလေးသည် နှိုင်းအား ပေစောင်းစောင်းပြန်ကြည့်ရင်း

အချစ်ရှိရာ အညာမြေWhere stories live. Discover now