part 30

3.6K 276 8
                                    


"ငါ့စကားကိုနားထောင် သွေး ။နင်ပြန်လိုက်ခဲ့ရမယ် ။"

လက်ဖက်နှင့်ဆီစမ်းနယ်ထားသော ထမင်းတွေအား ပလုတ်ပလောင်းဝါးရင်း ‌ခေါင်းကြောမာလှသည့် သွေးကို အော်ငေါက်ရတာလည်း လွယ်တော့မလွယ် ။

"မလိုက်ဘူး ။သူတို့နဲ့မှပြန်မယ် ။"

"သေချာလား ။"

‌"အွန်း ။"

"ဒါဆိုလည်း ပြီးရောလေ ။ ငါကလည်းနင်မပါရင် မပြန်ဘူး‌ဆိုတော့ အတူတူအလုပ်လုပ်ကြတာပေါ့ ။"

"မရဘူး ယွန်း ၊နင်နဲ့မဖြစ်ဘူး ။"

"နင်တောင် ဖြစ်သေးတာပဲ ၊ငါက ဘာလို့မဖြစ်ရမှာလဲ ။ငါက ဒီမြေ ဒီရေမှာကြီးပျင်းလာတာ ၊ ဒီလောက်ကတော့ ငါလည်းလုပ်နိုင်တယ် ၊ "

"အိုကေလေ ၊ဒါဆိုလည်းပြီးရော ."

ယွန်းအား လူယုတ်မာအပြုံးကြီးဖြင့် ပြုံးပြကာ လက်ဖက်ဗန်းထဲက တို့ဟူးကြော်တွေအား တစ်ခုပြီးတစ်ခု အားရပါးရယူစားလေသည် ။ ယခုဆိုလျှင်သွေး တစ်ယောက် တို့ဟူးကြော် ကြိုက်မှန်းသိလို့ မိဝိုင်းတို့အဖွဲ့ကပင် မစားပဲ သွေး ကိုကျွေးကြလေသည် ။သွေးက ထိုကဲ့သို့လည်းချစ်မွှေးပါပါသည် ။

A few months later....

"အိုက်စ် ယားး ၊ဒီမြက်စုတ် မြက်နာ မြက်ဝဲစားကလည်း .....ငါ့လက်လေးတော့ ဟင့် ...!

လယ်ထဲသို့ဆင်းတာ နာရီဝက်ပင်မကြာသေး ယွန်း၏ ငြူစူသံတွေက နားနှင့်မဆံ့အောင်ပင် ကြားနေရသည် ။ သွေး ခမျာမှာလည်း ချွေးစီးချွေးပေါက်တွေဖြင့် အတော်မောပန်းနေလေပြီ ။

"သွေး ရေဆာလား ၊ငါသွားယူလိုက်မယ် ။"

"အွန်း "

တစ်ကယ်ကြီး တင်းမခံနိုင်တော့သည်မို့ စိတ်ပျက်လက်ပျက်ဖြင့် လက်ထဲက ရွံ့တွေအား ခါထုတ်လိုက်မိသည် ။ သူ့တစ်ကိုယ်လုံးလည်း ရွံ့တွေ အပြည့်ပင် ၊အနံ့တွေကလည်း အော့်သိုးသိုးနှင့်နံ့လိုက်တာ ..။

" မိယွန်းရေ ၊ ကျုပ်တို့လည်းအသက်နဲ့ပါတော့် ၊ ကျုပ်တို့ရေဆာနေတာကြာလှပေါ့ ။"

ယွန်း ‌ယူလာပေးသော ရေဗူးအား သောက်ရန်ဟန်ပြင်လိုက်‌တော့ အရှေ့မှဗိုလ်စွဲနေကြသော မိဝိုင်းတို့အဖွဲ့ထဲကတစ်ယောက်က အသံထွက်လာသည် ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now