part 4

3.3K 254 4
                                    

"သွေး မြန်မြန်လုပ်လေဟာ ။ သွားတော့မှာပါဆို။"

အပြင်ဘက်မှ ဘုန်းသက်ဇူးမောင်၏ အသံစူးစူးကြောင့် သွေး ခေါင်းတစ်ချက်ကုပ်မိလိုက်သည်။ ဖြစ်ပုံကတော့ အကာအရံတွေမရှိသည့်သည်တွင်းရေမှာလည်း ရေမချိုးရဲသလို ရွာထိပ်ကမူးမြစ်ထဲ၌လည်းရေလိုက်မကူးရဲပါ။သွေး၏ရေကူးချန်ပီယံသူငယ်ချင်းလေးတွေကတော့
မြစ်ထဲသို့ တက်ကြွကြွသွားဖို့ရာသာစိတ်လောနေကြသည်။

"မောင့် နင်တို့ဘဲသွားကြတော့ ငါမလိုက်ချင်တော့ဘူး။ငါ ဒီမှာဘဲ‌ချိုးလိုက်တော့မယ်။'

"ဟာ လုပ်ပြန်ပြီသွေးရာ "

"ငါလည်းရေမကူးတတ်ဘူးလေ သွေးရယ်။ ဘာဖြစ်တုန်း နင်နဲ့ငါနဲ့ဘေးနှခမ်းလေးဘဲ ကပ်ကူးကြမယ်လေနော် "

ခေတ်၏မျက်နှာငယ်‌ေလးနှင့်အပြောကြောင့် သွေးခေါင်းငြိမ့်မိလိုက်သည်။သွေး ကြောင့်ဆိုပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ပါ ၊

"မမရေ ။သွားကြ‌စို့လေ ယွန်းတို့ကို လိုက်ပို့ပေးအုံး။မရောက်တာ ကြာပြီဆိုတော့ လမ်းတွေကမမှတ်မိချင်တော့ဘူး။"

ဘေးချင်းအခန်းကပ်လျက်ဖြစ်သည့်အခန်းထဲသို့တံခါးခေါက်ရင်း‌ပြောလိုက်သည့် ယွန်း။ သို့သော် အခန်းထဲမှဘာအသံမှပြုမလာသည့် အမျိုးသမီးကြောင့် သွေးစိတ်မရှည်ဟန်ဖြင့် မျက်မှောင်ကျုံ့မိလိုက်သည်။
ထိုအခါယွန်းကလည်း ထပ်မံတံခါးခေါက်ရန် လက်လှမ်းလိုက်စဉ်ဘဲ  ချလောက်ဆိုပြီး တံခါးပွင့်သွားကာ ထွက်လာသော အမျိုးသမီး၊ အခန်းဝမှသွေးတို့ရပ်‌စောင့်နေ
သည်ကို မြင်တော့အားနာသွားဟန်ပေါ်သည်။

"ဆောရီးပါကွယ်။ မမ ဖုန်းပြောနေတာနဲ့ ကလေးတွေကိုစောင့်ခိုင်းမိသွားသလိုဖြစ်သွားတယ် ၊လာ မမလိုက်ပြပေးမယ်နော်။"

"ဟုတ်။"

မြင်သူတစ်ကာတိုင်း ကြွေစေနိုင်သည့်အပြုံးလေးအား ဆင်းမြန်းရင်းပြောလေသည်မို့ သူတို့အားလုံးစိတ်မဆိုးနိုင်ကြတော့ပေ။ အဲ့ထဲက ခွန်းစစ်လွန်းသွေးက အဆိုးဆုံးပင်ဖြစ်လေသည်။ စိတ်ထဲမှလည်း တကယ်ကိုလှရက်နိုင်လွန်းသည့်အမျိုးသမီးဟု ကောက်ချက်ချလိုက်မိသည်။

အချစ်ရှိရာ အညာမြေWhere stories live. Discover now