ယနေ့သည် ရွှေဘိုမြို့ထောင့်စေတီဘုရားကြီး၏ပွဲတော်ရက်နောက်ဆုံးနေ့ပင်ဖြစ်လေ
သည်။လမ်းမပေါ်တွင် ယဉ်မျိုးစုံသွားလာ နေကြသည်။ ထိုထက်ပို၍ ယနေ့မှ ထိုယဉ်များ ပို၍ရောက်ယက်ခတ်နေကြသည်မှာ ဤဘုရားပွဲကြီးကြောင့်ပင် ဖြစ်လိမ့်မည် ။အိမ်ကထွက်လာစဉ်အချိန်ဟာ စောနေသေးသော်လည်း မြို့ထဲသို့ ဝင်ခါစရောက်တော့ ညနေမှောင်ရီပျိုးလာလေပြီဖြစ်၏ ထို့ကြောင့် သတိကြီးစွာ မောင်းနှင်နေရသည် ။ ခါးသို့ ခပ်ဖွဖွသာထိကိုင်ထားသော လက်ကလေးအား သူ၏လက်များဖြင့် တင်းကြပ်စေသည် ။ မတော်လို့ ပြုတ်ကျသွားရင် ရင်ကျိုးရချည်ရဲ့ ။ ရှေ့မှ ကားတွေဟာ တန်းစီ၍ပိတ်ရက်ထားသည် ။အရေးထဲမှ မီးပွိုင့်မိသည်ထင်၏ အနောက်မှ ဆိုင်ကယ်ဟာလည်း ပို၍ပင်စိပ်လာ၏
"မီးပွိုင့်မိလို့လားဟင် "
ကျောပြင်ဆီမှ ခပ်နွေးနွေးအထိအတွေ့နှင့်အတူထွက်ပေါ်လာသည့် အသံကလေးကြောင့် သွေး ဟုတ်ကြောင်းခေါင်းငြိမ့်ပြမိသည် ။
"တီ တီ တီ "
ခနနေတော့ ဟွန်းတီးသံတွေညံသွားကာ အသီးသီး မောင်းထွက်ကြလေသည် ။ ရှုပ်ယှက်ခတ်နေသော ယဉ်များအကြားတွင် ချွေးပျံချင်လာသည် ။ အထူးသဖြင့် အနောက်တွင်ပါလာသည့် အဖိုးတန်လေးကြောင့်သာ ပို၍သတိကြီးစွာထားနေရသည် ။
ယွန်း၏အမြောက်အပင့်ကောင်းမှုကြောင့် ယနေ့ နှစ်ယောက်သား အတူတူဘုရားသို့လာခွင့်ရ၏ မယွန်းသဒ္ဓါသိမ့် ကိုယ်တိုင်ကလည်း သွေး အား လိုက်ပြချင်သည့်နေရာတွေ ရှိသေးသည်ဟု ဆိုတာကြောင့်လည်း ပါသည် ။
ဒီနေရာဒီဒေသသည် သွေးနှင့်ရင်းနှီးမကျွမ်းဝင်သေးတာကြောင့် မြို့ထဲသို့ဝင်တော့ ဆိုင်ကယ်ပြောင်းစီးရတော့သည် ။သွေးက အနောက်မှ ထိုင်လိုက်ရပြီး မယွန်းသဒ္ဓါသိမ့်က မောင်းသူနေရာရှေ့တွင်နေရာယူသည် ။
ခါးသွယ်သွယ်လေးဆီသို့ သိုင်ကားဖက်တွယ်မိတော့ ထူးခြားသည့်အထိအတွေ့ကိုရသည် ။ အလိုမကျစွာဖြင့်
သွေး မျက်ခုံးများကို တွန့်ချိုးရင်း အပေါ်ထပ်မှထပ်ဝတ်လာသည့် သူ့ကုဒ်အင်္ကျီအားချွတ်သည် ။ပြီးနောက် သူမ၏ကျောပေါ်သို့ လွှမ်းတင်ပေးလိုက်၏

KAMU SEDANG MEMBACA
အချစ်ရှိရာ အညာမြေ
Paranormalအချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး