part 37

3.7K 247 10
                                    




"နှိုင်းအိမ့်လွန်းညို !! ခနစောင့်ပါအုံးဆိုတာ ၊ကျွန်မ လှမ်းအော်နေတာမကြားဘူးလား ။"

အသံစူးစူးနှင့်အတူ မပြေးယုံတစ်မယ် လျှောက်လာနေသည့် သူ့ကို အသာလှည့်ကြည့်မိသည် ။ အသံရှုသံကအစ ရှုးရှုးရှုဲရှုဲနှင့် အတော်မောနေပုံရသော ကလေးမဟာ နဖူးမှာလဲ ချွေးတွေတစ်နင့်တစ်ပိုးနှင့်ပင်။

"နေကလည်း ပျင်းလိုက်တာ ၊ရေမဆာဘူးလား ။"

သူမ ခေါင်းယမ်းပြလိုက်မိသည် ၊အစကတော့ သူပဲ မခေါ်ချင်မ‌ေပြာချင်ဖြစ်‌ေနပြီး ယခုကျမှ ပလိုင်းကြီး လာရောနေသည့် ကလေးမနဲ့တော့ ခက်‌ချေပြီ ။

"အဟမ်း ! ဒါနဲ့ ရှင်ဒီနေ့ အရမ်းလှနေတယ် သိလား !

ဒီတစ်ခါမှာတော့ နှိုင်းခြေလှမ်းတွေခြေစုံရပ်သွားမိသည် ။ ဒိတ်ကနဲ ဖြစ်သွားသော ရင်ခုန်သံကို ကောင်းကောင်းကြီးသတိထားမိလိုက်ပေမယ့် ရုတ်တရက်မို့ စိတ်လှုပ်ရှားတာဖြစ်မှာပါဟု ဖြေသိမ့်ရပြန်သည် ။ တကယ်ပဲ ဒီကလေးမ ဘာဖြစ်ချင်နေတာလဲ ။

"ဘာလို့ပြန်လာတာလဲ ။"

သူ့မျက်ဝန်းတွေထဲသို့စူးစိုက်ကြည့်ရင်း အရင်ရက်တွေကတည်းက မေးချင်နေသည့်အမေးကိုမေးလိုက်မိသည် ။ဒီမေးခွန်းကို သူရောက်လာကတည်းကမေးချင်နေခဲ့တာ ၊ သို့ပေမယ့် လူကိုတစ်ချက်ကလေးမှတောင် လှည့်မကြည့်တဲ့ကလေးမကြောင့် ပို၍မာန်ပိုနေခဲ့မိသည် ။အခုစကားပြောတာလည်း သူအရင်စပြောလို့နော် ၊မဟုတ်လျှင် နှိုင်းအိမ့်လွန်းညိုဆိုတဲ့မိန်းမက ဝေးသေးတယ် ။

"ဘာကိုလဲ !

"မမြင်ချင်မတွေ့ချင်တော့ဘူးဆိုပြီး ဘာလို့ပြန်လာတာလဲ မုဒွိသဏ္ဌန် ,မင်းပဲ ငါ့ကိုမြင်နေရတာ နာကျင်...

"မြင်‌နေရတာထက် မမြင်ရတာက ပိုနာကျင်ရတယ် ဆိုတာ ရှင်မသိဘူးလား ။ "

ဖြတ်အော်လိုက်သော သူ့စကားအဆုံးမှာ ဘာမှမပြောနိုင်တော့ပဲ ကြောင်အစွာရပ်နေမိသည် ။ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင်မကြားနိုင်လောက်အောင်တိတ်ဆိတ်သွားသည် ။ အတော်လေး စိတ်ထိခိုက်သွားပုံရသည့် ကလေးမဟာလျှံကျလာတော့မည့် သူ့မျက်ရည်တွေကို လက်ဖြင့်အကြမ်းပတမ်းပွတ်ဆွဲသုတ်ရင်းအရင်မျက်နှာလွှဲသွားလေသည်မို့ သူမ စိတ်မကောင်းဖြစ်ရပြန်သည် ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now