part 25

3K 230 7
                                    

ခေါင်းအုံး တစ်လုံးအား ရင်ခွင်ထဲပိုက်ကာ အခန်းရှေ့တစ်ခုတွင် ရပ်နေမိသည်မှာ အတော်လေးကြာနေလေပြီ ။ ယနေ့မှ ယွန်းတစ်ယောက်ဟာ ထဖျားလေသည်မို့ အဖျားကူးမယ်ဟုဆိုကာ သူ့မမအခန်းထဲသို့အတင်းနှင်လွှတ်နေသည့် ယွန်း ကြောင့် အင်တင်တင်ဖြင့်ထွက်လာခဲ့ရတာပင် ။ အရင်ကအခြေအနေလိုမျိုးဆို မတုံ့မဆိုင်း ဝင်သွားမိမှာမှန်ပေမယ့် ယခုအခြေအနေသည် အရင်ကနှင့်မတူတော့ ။

လက်ထဲက ခေါင်းအုံးလေးအား ကျစ်ကျစ်ပါအောင် ကိုင်ထားမိရင်း သက်ပြင်းချလိုက်မိပြန်ပါသည် ။စိတ်ကလည်း ရင်ခုန်သလို ရင်တုန်သလိုလိုနှင့် မှုမမှန် ။ထိုစဉ်နောက်ကျောဘက်မှ တံခါးဖွင့်သံနှင့်အတူ ထွက်ပေါ်လာသော ယွန်းစုခြယ် ။လက်ထဲမှ ရေသန့်ဗူးအခွံကိုကိုင်လာတာကြောင့် ရေလာဖြည့်တာထင်သည် ။

"ဘာလုပ်နေတာလဲ သွေး ။ခုထိ မသွားသေးဘူးလား ။"

ယွန်းတစ်ယောက်က နေသာမကောင်းတာ ၊ အသံအနေအထားကတော့ မာသလားမမေးနဲ့ ။

"ယွန်း "

"စိတ်ဖြောင့်ဖြောင့်နဲ့သာ ဝင်သွားပါဟယ် ။တောင်းပန်ပါတယ် ၊ငါလေး နေ‌မကောင်းလို့ တစ်ယောက်တည်း ကျယ်ကျယ်ဝန်းဝန်းလေးအိပ်ချင်လို့ပါ ။"

"နင်အရင်က ခွန်းစစ်လွန်းသွေးမှဟုတ်ရဲ့လား ။တစ်ကတည်း သွားပါဆို သွား ။"

သွေး ပြန်ပြောချိန်တောင် မရလိုက်ပါပဲနောက်ကနေ အတင်းတွန်းပို့နေသည့် ယွန်းကြောင့် မတတ်သာတော့ပဲ ဝင်လာခဲ့ရတော့သည် ။

ပထမဦးဆုံးမြင်လိုက်ရသည်က ကုတင်ပေါ်တွင် တစ်စောင်းလေး အိပ်ပျော်နေသော သွေး၏ချစ်ရသူလေး ။ ယနေ့မှ ထူးထူးဆန်းဆန်း အစောကြီး အိပ်နေပါလား ။

‌စိတ်ထဲမှ ထိုသို့တွေးမိလိုက်ရင်း ချစ်ရသူ မနိုးရလေအောင် ခြေသံဖွဖွဖြင့် အသာလျှောက်လာခဲ့မိသည် ။ အခန်းမီးပိတ်ထား၍
ဖွင့်ရန်လက်လှမ်းမိသော်လည်း ပြန်ယုတ်လိုက်မိသည် ။မတော်လို့ မျက်လုံးကိုစူးပြီး နိုးလာရင်ဒုက္ခ ။

ကုတင်ပေါ်သို့ အသာတက်လိုက်ရင်း ခေါင်းအုံးလေးအား တစ်ဖက်အစွန်သို့အသာချမိသည် ။ သွေး၏ စိတ်တွေသည် ဂနာမငြိမ် ၊ရင်တွေသည် အတိုင်းမဆ ခုန်ပေါက်လို့နေသည် ။ အိပ်ယာပေါ်သို့ ရောက်နေသော်လည်း သွေး အိပ်ဖို့မစဉ်းစားမိသေး ။ မီးရောင် မှိန်မှိန်အောက်တွင် လှပစွာ ထင်ဟက်နေသော မျက်နှာလေးအား တစ်ခုချင်းစီ စေ့စေ့လိုက်ကြည့်မိ၏ ချစ်မြတ်နိုးလွန်းစွာ ပါးပြင်ကိုငုံ့နမ်းရန် ပြင်တော့ အအိပ်ဆတ်သည့် အမျိုးသမီးလေးဟာ နိုးလာလေသည် ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now