part 29

3K 238 14
                                    


"ဘယ်လိုတွေ ဖြစ်လာတာလဲ အိမ့်လေးရယ် !သွေးလေးကို သွားပြန်ခေါ်ခိုင်းလိုက်တာ‌ဘယ်မလဲ သွေးလေးက ။"

အန်တီဆွေ့၏ အမေးအား ပြန်မဖြေသေးဘဲ မုဒွိ ကိုအရင်လှမ်းကြည့်လာသည့် အမျိုးသမီး ၊သူတကယ်ဖြေရခက်နေပုံပင် ..။မုဒွိကလည်း မိသားစုဝင်မဟုတ်တော့ ဘာမှဝင်မပြောရဲ။

"မီးငယ်ကို နှိုင်းလည်းမနိုင်တော့ဘူး မမကြီး ! သူက ခေါင်းအရမ်းမာလွန်းလို့ လက်လျော့ပြီးပြန်လာခဲ့ရတယ် ။"

"တောက်စ် ! သမီးမိုက် ။ တစ်သက်လုံး မိဘအိမ်ကို ပြန်လာဖို့စိတ်ကူးမရှိတော့ရင်လည်း မေကြီး မင်းသမီးကိုအမွေပြတ်စွန့်လွှတ်လိုက်တော့ !

သွေးဒယ်ဒီ၏ ကြိတ်မနိုင်ခဲမရ တောက်စ်ခေါက်သံကြောင့် မုဒွိမှာ ကိုယ်လေးပင်ဆတ်ကနဲတုန်တက်သွားရပြီး ကြားထဲက နေရခက်လာသည် ။ စိတ်လှုပ်ရှားလွန်းလို့ လက်ဖဝါးနှစ်ဖက်ကဆို အေးစက်နေလေပြီ ။

"ရှင်ဘယ်လိုပြောလိုက်တာလဲ ဖေကြီးရဲ့! သွေးလေးက ကျွန်မတို့ရဲ့တစ်ဦးတည်းသောသွေးသားနော် ။ ဖအေဖြစ်တဲ့ရှင်က စွန့်လွှတ်နိုင်ပေမယ့် ကျွန်မတော့ လုံးဝမစွန့်လွှတ်နိုင်ဘူး ။

အပြန်အလှန်တင်းမာလာကြသည့် လွန်း၏မိဘနှစ်ပါး ။ တစ်ဦးတည်းသာရှိသော သမီးဖြစ်သူအား လုပ်ငန်းတွေလွဲပြောင်းပေးဖို့ဆန္ဒလောနေသူ လွန်း၏ဒယ်ဒီ ကိုလည်း အပြစ်မမြင်ရက်ပါ ။ သူ့မှာလည်း သွေးသားရင်းဆိုလို့ ဒီတစ်ယောက်လေးပဲရှိတာမဟုတ်လား။

" အိမ့်လေး ၊ မမကြီးကို သေချာပြောစမ်း ။နင့်တူမက အဲ့ဒီမှာ အချစ်တွေ့နေတယ်ဆို ၊အဲ့‌ဌာနေကပဲမဟုတ်လား ၊ ဘယ်သူ့သားသမီးလဲ ၊ အကျင့်စာရိတ္တရော ကောင်းရဲ့လား ။"

"ကောင်းပါတယ် မမကြီးရဲ့ ၊အကျင့်စာရိတ္တလည်းကောင်းတယ် ၊ရုပ်ရည်ကလည်းပြောစရာမလိုဘူး ၊ ပညာကလည်းတတ် ၊ သူကဆရာဝန်လေ ၊ တောမှာနေတာဆိုပေမယ့် ‌အဲ့ဒီမှာသူတို့အချမ်းအသာဆုံးပဲ ၊တောသူဠေးပေါ့ ။"

"ဟုတ်သလား ၊အို နေပါအုံး အဲ့ဒါကအရေးမကြီးပါဘူး ။
သွေးလေးကိုကော ကြင်နာနာရှိရဲ့လား ။"

အချစ်ရှိရာ အညာမြေWhere stories live. Discover now