part 6

2.9K 240 1
                                    

"ဧည့်သည်လေးတွေ ထည့်စားကြနော်။ ဘာမှအားနာစရာမလိုဘူးကွဲ့ ။ ယွန်းလေးသူငယ်ချင်းတွေကလည်းအဒေါ့်တူ‌ေတွ တူမတွေဘဲပေါ့ ဟုတ်လား ။"

ဘေးကနေ ယက်တောင်တစ်ရမ်းရမ်းနှင့် အားမနာဖို့ရာပြောလာသော်လည်း သွေး ချွေးတွေပင်စို့နေရသည်။ အကြောင်းမှာ ချကျွေးသည့်ဟင်းပွဲတွေသည် အမယ်စုံပါသော်လည်း သူမသိတဲ့အစားစာတွေသာအများဆုံးပါနေပြီး သိသော်လည်းမကြိုက်သည့်ဟင်းလျာတွေချည်းသာ။ ထို့ကြောင့် သွေးမှာအမဲသားနှပ်ချက်ကလေးနဲ့သာ တမြုံမြုံစားနေရသည်။ မဲရိုးကိုအသီးအနှံတွေဖြင့် ချဉ်ရည်ခတ်ထားသည့်ဟင်းရည် ၊ ပဲကြော် ၊ငါးဟင်း ၊သရက်သီးချက် ၊ဒါ့အပြင် အလယ်တည့်တည့်တွင်ကျနစွာယူထားသည့် အနံ့တစ်ထောင်းထောင်းနဲ့အရည်တွေကို သွေး မနှစ်မြို့လှပါ ။ ခြင်တွေအုံလွန်းနေတာကြောင့် ရောဂါဖြစ်မှာပင်စိုးရ၏ ထို့ကြောင့် ဘေးကနေရပ်၍မနားတမ်းယက်ခတ်ပေးနေသည်ထင်၏

"ဟုတ်ကဲ့ အဒေါ်။ ဒါနဲ့လေ ဒီဟာက ဘာဟင်းလဲဟင် ။ ဘာမှလည်းအရသာမရှိဘူး‌ေရာ်၊ ဒီတိုင်းရေနဲ့ပြုတ်ထားတာလား။ ပြီးတော့ ဒီအနံ့ပြင်းပြင်းအရည်တွေကဘာတွေလဲဟင်။"

ခေတ်၏အမေးအား သွေးပါရော၍သိချင်သွားရသည်။ ငရုပ်သီးဖက်တွေကိုမြင်ပါရဲ့ ၊ အညိုရောင်အရည်အနံ့ပြင်းပြင်းတွေအား ဘာအရည်နှင့်ပြုလုပ်ထားတာမို့ ခြင်တွေအုံနေရသနည်း။ မောင်ကတော့ တစ်ခွန်းမှဝင်မမေးဘဲ ခေါင်းမဖော်တမ်းသာအဝကြိတ်နေလေသည်။ ယွန်းတစ်ယောက်ကလည်း အညာသူပီပီ ထိုဟင်းရည်ဟာအတော်ကြိုက်ပုံရ၏ တစ်ရှုးရှုးတစ်ရှုဲရှုဲနှင့်စားနေလိုက်ပုံ‌များ။ ဘေးနားက အမျိုးသမီးလေးကတော့ တိတ်ဆိတ်စွာပင် အေးအေးလူလူ
စားနေလေသည်။

"ဟယ်တော် ၊ဟားဟား။ အတို့အမြုပ်လေတူမလေးရဲ့ ၊ ဒီကငပိရည်လေးနဲ့တို့မြုပ်စားရတာ ၊ မြို့မှာဒီလိုတွေမစားကြဘူးလား။"

"ဟီး ငပိရည်တော့ သိတယ် ၊အိမ်မှာအလုပ်လုပ်တဲ့ အစ်မနှစ်ယောက်ကဒီလိုငပိရည်တွေစားစားနေတာတော့မြင်တယ် ၊ဒီရေနဲ့ပြုတ်ထားတာတဲ့ဟာတွေစားတာတော့မတွေ့ဖူးဘူးရယ် စားလို့ကောင်းလားဟင်။"

အချစ်ရှိရာ အညာမြေWhere stories live. Discover now