part 36 က

3.1K 257 17
                                    



ဗြုန်းစားကြီး ရောက်ချလာကြသည့် အငယ့်၏မိဘတွေကြောင့် သိမ့် တစ်ယောက်အခန်းထဲမှ မထွက်နိုင်သေးပဲ ဟိုလျှောက်ဒီလျှောက်လုပ်နေမိသည် ။ ကြောက်တာ မျိုးမဟုတ်‌ပေမယ့် ချစ်ရသူ၏မိဘတွေဆိုသည့် အသိစိတ်က အနည်းငယ်တော့ ရှိန်‌ေစသည်လေ။

"အငယ့် ရဲ့မိဘတွေက သိမ့်ကိုသဘောကျပါ့မလား ။ "

အငယ်က ဘယ်လောက်ပဲ သိမ့် ဘက်ရှိပါတယ်ပြောပြော မိန်းကလေးချင်းဖြစ်သည့်တိုင်အောင် မေတ္တာမျှနေသည်ကို လက်ခံနိုင်ပါ့မလား ။ ဒါမှမဟုတ် သိ‌သွားလို့ သူတို့သမီးကိုလာပြန်ခေါ်တာဆိုရင်ကော ...။

ခေါင်းတွေပူထူပြီးမတွေးသင့်တာတွေကို တွေးမိလာတဲ့အခါ မျက်စိစုံမှိတ်ကာခေါင်းကိုအကြိမ်ကြိမ်ခါရမ်းလိုက်မိသည် ။

" မ !

ထိုစဉ်အနောက်ကနေ ခပ်စာစာလေးထွက်ပေါ်လာသော အသံလေးကြောင့် သိမ့် ကိုယ်လေးပင်ဆတ်ကနဲတုန်သွားရသည် ။ အငယ်၏ မျက်နှာလေးဟာ ဒီနေ့ပို၍ရွှင်ပြနေသယောင် ၊အင်းပေါ့လေ ၊ သူ့မိဘတွေရောက်လာတာကိုး ။

" မာမီတို့ စောင့်နေတာကြာနေပြီလေ မရဲ့ ။ ထွက်မလာသေးပဲ ဒီမှာဘာလုပ်နေတာလဲ။"

"ဟို ဖြစ်ပါ့မလား အငယ်ရယ် ။ "

"ဖြစ်လို့ပဲ ဒီအထိရောက်လာပြီလေ မရာ ။လာပါ ၊အငယ် တစ်ယောက်လုံးဘေးမှာရှိနေတာကိုဘာမှစိုးရိမ်မနေနဲ့နော် ။"

သိမ့်၏ အတွေးတွေကိုဖတ်တတ်သည့်အလား အငယ်က သိမ့်၏လက်ကလေးတွေကို ဖွဖွလေးဆုတ်ကိုင်လာသည် ။ အငယ့်ရဲ့လက်ချောင်းတွေက အမြဲတမ်းနွေးနေတာပါပဲ ။ ကြောက်နေသည့် စိတ်ကို လျစ်လျူရှုနိုင်ရန် အငယ့်၏မျက်ဝန်းတွေကိုကြည့်ကာ ကိုယ့်ကိုယ်ကိုအားပေးရသည် ။

စိတ်မြန်လက်မြန်ရှိလှတဲ့အငယ်က ချက်ချင်းပဲ သိမ့် လက်ကိုဆွဲကာ အပြင်သို့ခေါ်လာသည် ။ ထို့ကြောင့် ‌သိမ့် ခေါင်းလေးကိုငုံ့ရင်းကြောက်ကြောက်နှင့်ပါလာခဲ့ရသည် ။ ထင်ထားတာနှင့်တစ်ခြားစီ လူကြီးတွေက ရောရောမောမော စကားပြောနေကြတော့ အနည်းငယ်တော့အံ့အားသင့်သွားမိသည် ။

အချစ်ရှိရာ အညာမြေWhere stories live. Discover now