(Unicode)
"ကျုပ်ရဲ့သေနတ်ပစ်စကေးကိုမသိသေးဘူးထင်တယ်..."
ပတ်ဝန်းကျင်မြင်ကွင်းကမသဲကွဲပေမဲ့မဖြစ်မနေလွတ်မြောက်ရမည့်ပန်းတိုင်အတွက်အမောဖောက်ရလောက်အောင်ပြေးနေသောလူတစ်ယောက်ကိုစူးစိုက်ကြည့်၍ပြောလာသောအံကြိတ်သံကတိတ်ဆိတ်နေသောညအမှောင်ကိုဖြိုခွင်းသွားလျှင်.....
"ဒိုင်း...!!"
"ဒိုင်း....!!"
"ဒိုင်း...!!"
"ဥဿဒင်္ခကိုသွေးထိုးစမ်းတော့တစ်ချက်ထဲနဲ့ဘယ်အေးချမ်းမလဲ။အလောင်းကိုမီးရှို့လိုက်၊ပြီးတော့သူ့မိသားစုကိုလျော်ကြေးပေးပြီးနှုတ်ပိတ်လိုက်!"
"ဟုတ်ကဲ့ Boss!"
မကြာမှီအချိန်အတွင်းမီးခိုးနက်ကြီးကမရဏတောအတွင်းတလူလူတက်လာလျှင်အိပ်တန်းတက်နေသောကျေးငှက်များတကျိကျိအော်ကာထပျံကုန်ကြ၏။
တောအမည်=မရဏတော
သစ္စာဖောက်ဂိုဏ်းသားများ...
သုံ့ပန်းအကျဥ်းသားများ...
မျက်နှာလိုမျက်နှာရနဲ့ဖားကောင်များ(လှေနံနှစ်ဖက်နင်းတဲ့ကောင်)....
အစရှိတဲ့သေနေ့စေ့သောလူတစ်စုကိုပါရမီဖြည့်ပေးသည့်တောဖြစ်သည်။တရုတ်နယ်စပ်ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်-နမ်းခမ်းလမ်း၏ပေ၁၀၀အကွာတွင်ရှိသောဧကပေါင်း၁၀၀၀ကျော်ကျယ်ဝှမ်းသည့်မရတောသည်ကမ္ဘာအနှံ့တွင်ရှိသောဒုစရိုက်လုပ်ငန်းလုပ်ကိုင်သည့်အကုသိုလ်ကောင်များမသိတဲ့သူမရှိသည့်တောဖြစ်သည်။ဤတောကိုပိုင်ဆိုင်သည့်အသက်(30)အရွယ်မှောင်ခိုဂိုဏ်းစတား၏ပြောင်မြောက်လှသောသေနတ်ပစ်စကေးကြောင့်လုပ်သက်ပေါင်း(12)နှစ်အတွင်းလူအယောက်ပေါင်း(528)ယောက်ကိုသုတ်သင်ရှင်းလင်းခဲ့ပြီးပြီဖြစ်သည်။
"flightကိုအသင့်ပြင်ခိုင်းထားလိုက် ဒီနေ့ထိုင်ဝမ်ကိုပစ္စည်းယူဖို့သွားရမယ်!"
"Bossပါလိုက်ရင်အန္တရာယ်များတယ်Boss နေခဲ့လိုက်ပါ ကျွန်တော်နှင့်တမာန်ပဲသွားလိုက်ပါ့မယ်!"
"အန္တရာယ်များလို့ငါပါလိုက်ခဲ့ရမယ် မင်းတို့ချည်းပဲသွားရင်သတ်မှတ်ထားတဲ့နာရီအတွင်းရောက်နိုင်မှာမဟုတ်ဘူး!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...