(Unicode)
Day 20
"ရှင်!ဒါ တကယ်ပဲလား မာမီ"
မာမီ့စကားကြောင့်ဒီဇိုင်းဆွဲနေရင်းတုန်ယင်သွား၏။
"ဟုတ်တယ် သမီး..ချမ့်ကျယ်ကအခုဆိုစိတ်ကျန်းမာရေးဆေးရုံမှာတက်နေရတာတစ်ပတ်လောက်ရှိပြီတဲ့။သူ့သားနဲ့ချွေးမလေးကမသေသင့်ပဲသေခဲ့ရတာ...သူ့ကြောင့်ဆိုပြီးတော့လည်းအမြဲတမ်းပြောနေတာတဲ့"
ချစ်ဖို့ကောင်းလွန်းသည့်ပန်းကလေးမျက်နှာကိုမြင်ယောင်ရင်းသနားစိတ်ကထိန်း၍မရ။နှမြောလွန်းလို့ဘယ်လိုလုပ်ရမလဲကွယ်.....
"အို....ကလေးရယ်!"
"သမီး...သူတို့ကိုသွားတွေ့ချင်သလား!"
"ဟုတ် မာမီ!"
"ဒါဆို မာမီလေယာဥ်စီစဥ်ပေးလိုက်မယ်!"
"ဟုတ်ကဲ့...ကျေးဇူး မာမီ!"
ညတွင်းချင်းလေယာဥ်နဲ့မြန်မာပြည်ကိုလာခဲ့သည်။ပြန်မလာတော့ဘူးဟုဆုံးဖြတ်ထားသောဒီနေရာကိုဒုတိယအကြိမ်ပြန်လာရတော့အရာရာဟာအသစ်အတိုင်းပင်။သူရော...ဆိုဖီ့ကိုတမ်းတနေသေးသလား....
.....
.....
.....
.....
.....
စိုင်းခွန်လျှံ တံမြက်စည်းလှည်းနေရင်းသူ့ရှေ့မှာရပ်လာသောဖြူဖွေးဖွေးခြေထောက်တစ်စုံကြောင့်ခေါင်းမော့ကာကြည့်လိုက်၏။အရင်လိုစူးရှရှမျက်ဝန်းတစ်စုံကEyelinerဆွဲထားဆဲပင်။မပွင့်တပွင့်အပြုံးလေးနဲ့ပန်းဆီရောင်နှုတ်ခမ်းတစ်စုံကနှုတ်ဆိတ်နေ၏။
ဆိုဖီ မောင့်ကိုတွေ့တော့ခြေလှမ်းများရပ်သွားလေသည်။ပါးသိုင်းမွှေးနဲ့အတူဆံပင်အရှည်ကြီးနဲ့မောင်ဟာသင်္ချိုင်းစောင့်လိုလို၊နွားနို့ရောင်းသည့်ကုလားကြီးလိုလိုဖြစ်နေသည်။သူ့ရှေ့မှာခြေလှမ်းရပ်လိုက်တော့တံမြက်စည်းလှည်းနေတာကိုရပ်၍ကြည့်လာ၏။အံ့ဩမှုနဲ့အတူမောင့်မျက်ဝန်းကဝမ်းနည်းရိပ်များဖြတ်ပြေးသွားသည်။
မောင့်ကိုကျော်ကာသစ်လွင်တောက်ပနေသောအုတ်ဂူဖြူဖြူလေးနှစ်ခုကိုကြည့်လိုက်မိ၏။
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Lãng mạnဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...