Part 13

1.8K 34 0
                                    

(Unicode)

လျှံ အိမ်ထဲရောက်တော့မေမေနဲ့အန်တီချမ့်ကျယ်တို့ကပွေ့ဖက်၍စကားပြောနေကြ၏။သဲငယ်ကလက်နှစ်ဖက်ကိုဆုပ်ကိုင်ကာနှုတ်ခမ်းကိုက်၍ထောင့်လေး၌ရပ်နေသည်။

"ညမိုးချုပ်တဲ့အထိကိုနေရမှာနော် သူငယ်ချင်း!"

"နေမှာပေါ့ အကြာကြီးနေမှပြန်တွေ့ရတော့ပြောစရာတွေလဲအများကြီးပဲ!"

"အဟင်းးဟင်း ဟော သားတောင်ပြန်လာပြီ"

"ဟုတ်ကဲ့ မေမေ အန်တီချမ့်ကျယ်တို့ရောက်လာကြပြီလား"

"ဟုတ်တယ် လျှံလေး မင်းတို့လဲကြည့်ပါအုံး။အရွယ်တစ်ခုရောက်လို့ထိပ်စီးတောင်ပြောင်းကုန်ကြပြီ။မိန်းမယူဖို့စိတ်ကူးမရှိကြဘူးလား?"

"ကြိုးစားနေတုန်းပါ!"

"အေးး ကောင်းတယ် ကောင်းတယ် ကြိုးစား ကြိုးစား။ကြိုးစားရင်းနဲ့ကျန်နေခဲ့မယ်!"

အန်တီချမ့်ကျယ်ကသူနဲ့ဒင်္ခကိုကြည့်ကာပြောလာသောကြောင့်ဆိုဖီ့ဘေးရပ်ကာပြုံးရင်းပြောလိုက်တော့ဆိုဖီနှင့်သူ့ကိြတစ်ယောက်တစ်လှည့်စီကြည့်ကာဆိုလာ၏။

"မေမေ ဗိုက်ဆာတယ်!"

"ကလေးကဆာနေပြီလား။ခုနမှစားပြီးတာကို!"

"အဲ့တာ ထမင်းမှမဟုတ်တာ...ဦးကလဲ!"

"ဒါဆို လာကြ။ထမင်းအရင်စားကြရအောင်!"

ဦးကခေါင်းလေးကိုလက်သီးဆုပ်ဖြင့်ထုတော့ဦး၏လက်ကိုဆွဲယူကာအသားကုန်ကိုက်ခဲလိုက်သည်။အကွင်းရာကြီးဖြစ်သွားသောလက်ဖျံလေးကသွားစိပ်စိပ်လေးနဲ့အချိန်ခဏလေးအတွင်းနီလာကာခရမ်းရောင်ပြောင်းသွား၏။

.....

.....

.....

.....

.....

"မေမေ ဦးတို့ကပြန်သွားတာလား?"

"ဟုတ်တယ် ဘေဘီ ညကျမှတစ်ခေါက်ပြန်လာမယ်တဲ့!"

"အော်။ဟွန်းးးသမီးကိုတောင်နှုတ်မဆက်သွားဘူူး"

နေ့လည်ထမင်းစားပြီး၍တရေးတမောအိပ်ပြီးထလာတော့မည်သူ့ကိုမျှမတွေ့ရ၍ရွှေစိတ်တော်ငြိုငြင်ကာနှုတ်ခမ်းဆူလာ၏။အိပ်ရာထကာစမို့မျက်ခွံကမို့အစ်ကာမျက်ဆံကနီနေ၏။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now