Part 6

2.9K 50 0
                                    

(Unicode)

"ဦး..ဓာတ်ပုံရိုက်ပေး!"

"အိုကေ!"

ပန်းကမြက်ခင်းပေါ်ထိုင်လျက်လက်နှစ်ချောင်းထောင်ကာပိုစ့်ပေးတော့ဦးကကင်မရာကိုကိုင်ကာဓာတ်ပုံရိုက်ပေး၏။

"အမ်းးးဦးးလုပ်ပါအုံး...ပန်းကိုသူတို့လျှာနဲ့လာယက်နေတယ်"

"ဟားးဟားးးဟားး သူတို့က ကလေးကိုချစ်လို့နေမှာပါ!"

သိုးလေးတွေကပန်းအနားရောက်လာကာလက်ပြတ်ဂါဝန်ဝတ်ထား၍ပေါ်နေသောလက်တစ်ပိုင်းကိုသူတို့လျှာဖြင့်ယက်၏။တစ်ကောင်တည်းမဟုတ်ပဲအစုလိုက်အပြုံလိုက်ဖြင့်လာယက်ကြတော့ကြောက်လန့်ကာထခုန်မိသည်။ဒါကိုဦးကရီတော့မျက်နှာကဆူပုတ်သွားရကာစိတ်ဆိုးမိသည်။

"အမ်းးဟုတ်လဲဟုတ်ပဲနဲ့။သူတို့လျှာတွေကကြမ်းကြမ်းကြီးတွေ!"

"ဘဲ့...."

"ဟားးးဟားးးဟားးး"

"အဲ့ဒါကလေးကိုဆူတာ။သူတို့လျှာကိုကြမ်းတယ်ပြောလို့"

သူတို့ကလျှာကိုခန္ဓာကိုယ်အစိတ်အပိုင်းအကုန်လုံးထဲမှအဓိကအဖြစ်အသုံးပြုတော့အမွှေးလေးတွေပေါက်ကာကြမ်းကြမ်းကြီးဖြစ်နေသည်။ရုတ်တရက်မျက်နှာကိုမော့ကာထအော်လာသောသိုးပေါက်လေးတစ်ကောင်ကြောင့်ခန္ဓာကိုယ်လေးကအနောက်သို့ဆုတ်မိလျက်သားဖြစ်သွား၏။

"ဘာလဲ။ဦးကသိုးစကားလဲတတ်တယ်ပေါ့။မထင်ထားဘူး...ပန်းကိုလဲသင်ပေးလေ။သူတို့နဲ့အပျင်းပြေဦးအကြောင်းကိုအတင်းတုပ်လို့ရတာပေါ့"

ပန်းကဦးကိုမခံချင်စိတ်ဖြင့်လက်ခါးထောက်ကာမျက်နှာကိုခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်သည်။

"ကလေးမ..လွတ်အောင်ပြေးစမ်း!"

"ဟားးဟားးးဟားးး ဦးကသိုးစကားတတ်တယ်ဝေ့!"

သိုးအုပ်စုကိုပတ်ကာ​လက်ထဲ၌ကောက်ရိုးဦးထုပ်ကိုလက်ထဲဝေ့၍ပတ်ပြေး၏။သို့သော်လဲခြေလှမ်းချင်းအများကြီးကွာလှသောဦးကြောင့််ကြာကြာမပြေးလိုက်ရခင်မှာပန်းကိုမိသွားသည်။

"အားးး ဦးလွှတ်။ပန်းကိုလွှတ်နော်။ဟွန့် ဦးကမကောင်းဘူးကွာ။ပန်းကိုသူ့ခြေတံရှည်ကြီးတွေနဲ့လိုက်တာ"

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now