Part 30

1.5K 25 0
                                    

(Unicode)

Day 9

"အင်း...!"

"ကလေး...ကလေးသတိရလာပြီလား!"

ကုတင်ထက်ငြိမ်သက်စွာလဲလျောင်းနေသောကလေးငယ်ကိုယ်လေးတွန့်ကာနိုးလာတော့ဆံနွယ်လေးသပ်ကာမျက်နှာနုနုလေးကိုစူးစိုက်ကြည့်မိ၏။

"ဦး....ပန်း ဘယ်ရောက်နေတာလဲဟင်...!"

"ကလေး...ဆေးရုံရောက်နေတာ။ရေသောက်မလား"

"ဟုတ်!"

"အ့...!"

ဦးကရေခွက်ယူနေတုန်းဆတ်ခနဲထလိုက်တော့ဗိုက်ကအောင့်သွားကာတစ်ခုခုကကြပ်ထုတ်နေသလိုခံစားလိုက်ရသည်။

"ကလေး...ဖြည်းဖြည်းထ။ချုပ်ရိုးနဲ့ဆိုတော့တင်းနေအုံးမှာ!"

"ပန်း...ဘာဖြစ်ထားတာလဲဟင်။ဗိုက်မှာဘာလို့ချုပ်ရိုးကရှိနေတာလဲ"

ဦးအပြောကြောင့်အင်္ကျီကိုလှန်ကြည့်မိသည်။ရှည်လျားသာချုပ်ရိုးနဲ့အတူဆေးထည့်ထားသဖြင့်ဖောင်းဖောင်းလေးဖြစ်နေ၏။

"ကလေး ဗိုက်ခွဲထားတယ်။သားအိမ်မှာအနာရှိနေလို့တဲ့။အခု အားလုံးအဆင်ပြေသွားပြီ!"

"သားအိမ်မှာအနာဆိုတော့ပန်းကကိုယ်ဝန်မဆောင်ရဘူးလားဟင်!"

ပန်းကတွေးဆဆလေးပြောလိုက်၏။ဇနီးမယားတစ်ယောက်ဖြစ်လာပြီးလျှင်ဝတ်ငါးပါးနဲ့ပြည့်စုံရမည်ဆိုတာပန်းသိသည်။အခုကပန်းအသက်ကငယ်သေးပေမယ့်သင့်လျော်သည့်အရွယ်ရောက်လျှင်ဦးအတွက်အများကြီးမဟုတ်တောင်တစ်ယောက်လောက်တော့မွေးပေးချင်မိသေးသည်။

"ဆောင်ရမှာပေါ့ ကလေးရဲ့။ခုလောလောဆယ်အနာခွဲထားလို့အဆင်မပြေသေးဘူး!"

"ဒါဖြင့်သားအိမ်ကမထုတ်လိုက်ရဘူးပေါ့!"

"မထုတ်ပါဘူးကွာ။ရိုးရိုးအနာလေးပဲ။အများကြီးမစိုးရိမ်နဲ့!"

ထိုအခါမှသက်ပြင်းချရ၏။လောလောဆယ်တော့ပန်း၏အဓိကရည်ရွယ်ချက်ကိုပဲအာရုံစိုက်ရမည်။အားလုံးအခြေတကျဖြစ်တော့မှဦးအတွက်ကလေးတစ်ယောက်လောက်မွေးပေးပါအုံးမည်။ဦးကသဘောကျလောက်မှာပါ။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now