(Unicode)
တောင်တန်းတွေအောက်မှာစိမ်းလန်းစိုပြည်နေသည့်လယ်ကွင်းကျယ်ကြီးတွေကပန်း၏အမြင်အာရုံကိုကြည်လင်စေ၏။
"ဝါးး လယ်ကွင်းတွေကအကျယ်ကြီးပဲရော်။ဒီမှာကလယ်ပဲစိုက်တာထင်တယ်နော်ဦးး"
"ဟုတ်တာပေါ့။ဒီနေရာကကုန်းနိမ့်ပိုင်းလေ...အဲ့တော့လယ်ပဲစိုက်တယ်။လာ....ဟိုးးအပေါ်မှာတောင်ယာတွေရှိတယ်။တက်ကြည့်ရအောင်"
"ကားကရောဟင်!"
"ကားဝင်လို့မရဘူး။ထားခဲ့လို့ရပါတယ်!"
တောင်ထိပ်ဆီအနည်းငယ်တက်လိုက်ပြီးသည်နဲ့ကွက်လပ်တွေဖြစ်နေသောယာခင်းတွေကိုကြည့်၍...
"ဒီမှာကထွန်တုန်းပဲလား။ဘာမှမစိုက်ရသေးသလိုပဲ!"
"ဟုတ်တယ်။သူတို့ကမိုးသီးနှံစိုက်တာ....ဆောင်းမှာရိတ်တယ်။ပြီးတော့နောက်တစ်သီးကနွေမှပဲစိုက်တော့တာ!"
"အော်....ဟီးးဦးကတော်တော်သိတာပဲ!"
"ဒီနေရာကကိုယ်မကြာခဏလာဖြစ်တဲ့နေရာလေးမို့ပါ!"
"ဟိုမှာကပန်းခင်းလားဟင်!"
"အွန်းးကိုယ်တို့ကအဲ့ဒီကိုသွားမှာလေ!"
"ဟင် ဒါDaisyပန်းမလားဦးး!"
အဝေးမှမြင်ရတုန်းကသိပ်၍မထင်ရှားသည့်ပန်းခင်းကအနီးရောက်တော့ပန်း၏လက်သည်းထိပ်မှာပုံဖော်ထားသောDasiyပန်းပုံနဲ့တူနေ၍အံ့သြသွားရ၏။
"ဟုတ်တယ်။ဒီနေရာကိုအစတုန်းကနှစ်ရှည်သီးနှံလိုင်ချီးပင်စိုက်မလို့ပဲ။ဒါပေမဲ့ကိုယ်အရင်ပတ်ကဒီကိုလာတော့အစေ့ကျပန်းပင်လေးပေါက်နေတာနဲ့မစိုက်ဖြစ်တော့တာ!"
"ဟွန်းးးးစိုက်မယ်ဆိုရင်ပန်းပင်တွေကနှမြောစရာကြီးပေါ့!"
"အင်းပေါ့။ဒါကြောင့်ကိုယ့်ကလေးကိုဒီပန်းခင်းလေးတာဝန်ယူစေချင်တယ်!ဘယ်လိုလဲ။ဒီDasiyပန်းပင်လေးအမြဲတမ်းရှင်သန်နေနိုင်အောင်ကိုယ့်ကလေးကတာဝန်ယူပေးနိုင်မလား"
"ဦးကပန်းကိုအလုပ်သမားလုပ်စေချင်တာလား"
"မဟုတ်ဘူး!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romansaဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...