(Unicode)
"ကလေးမလေးကအားအရမ်းနည်းနေတယ်။သူ့ကိုအကြောဆေးသွင်းပေးခဲ့မယ်။ဆေးဝါးလဲပေးခဲ့မယ်နော်!"
"ဟုတ်ကဲ့ ဒေါက်တာ!"
Bossအကြောင်းကိုအပ်ကျတာကအစသိသောသူငယ်ချင်းဖြစ်သူဒေါက်တာခန့်ဇော်ကကလေးမလေးကိုနှလုံးခုန်နှုန်းစစ်ဆေးပေးနေရင်းပြော၏။Bossကပြတင်းပေါက်ဘေး၌ဘောင်းဘီအိတ်ကပ်ထဲလက်ကိုမာန်ပါပါထည့်၍မည်သူ့ကိုမှဂရုမစိုက်သည့်ရပ်နေ၏။
"ပြီးတော့ကလေးမလေးကစိတ်ဖိစီးလွန်နေတာမလို့သူ့စိတ်ကိုပျော်အောင်ထားပေးစေချင်တယ်။စိတ်အခြေအနေပိုဆိုးလာရင်နှလုံးရောဂါရနိုင်တယ်!"
"ဟုတ်ကဲ့!"
ခြေထောက်ရောလက်ရောကဖြူဖွေးနူးညံ့နေကာလက်သည်းထိပ်၊ခြေသည်းထိပ်တို့ကနီမြန်းနေသောကလေးမလေးကိုကြည့်ကာလူရောဟုတ်ရဲ့လားဟုတွေးမိ၏။
"ငါမေးပါအုံးမယ် ဒင်္ခ။မင်းကဒီကလေးမနဲ့ဘယ်လိုပတ်သက်လို့မင်းရဲ့ဝင်ခွင့်မရှိတဲ့အိပ်ခန်းကိုတောင်လွယ်လွယ်ကူကူပေးဝင်ရတာလဲ!"
ခန့်ဇော်ကသူ့အကြောင်းကိုသိသူပီပီအားမနာတမ်းဆို၏။ငယ်စဥ်သိတတ်သည့်အရွယ်တည်းကကိုယ်ပိုင်ပစ္စည်းသပ်သပ်ထားကာသူပိုင်သည့်အရာတွေဆိုတစ်ခြားမည်သူတစ်ဦးမျှထိပိုင်ခွင့်မရှိ။ထိမိလျှင်စိတ်အကြီးအကျယ်ဆိုးကာမျက်ခွက်ကြီးစုတ်ပြတ်သတ်သွားအောင်ထိုးတတ်သည်။
"အဲ့တာဒီကောင်တမာန်ကြောင့်လေ။အောက်ထပ်မှာအခန်းလွတ်တွေအများကြီးရှိနေရက်သားနဲ့လှေကားအရှည်ကြီးကိုမမောနိုင်မပန်းနိုင်ပွေ့ချီလာတာလေ။!"
"မင်းကBossပဲ။သူ့ကိုတားလိုက်လို့ရသားနဲ့!"
ကြောင်လိမ်လှေကားအရှည်ကြီးကိုကလေးမလေးကိုပွေ့ချီ၍အလျင်အမြန်တက်သွားသောကြောင့်သူ့မှာတားချိန်မရ။
"လျှာမရှည်နဲ့။လုပ်စရာရှိတာလုပ်ပြီးသွားလိုက်တော့!"
ဘယ်သူ့ကြောတာမှမခံနိုင်သောသူကခန့်ဇော်ကိုတစ်ချက်လွှတ်အမိန့်နဲ့နှင်ထုတ်၏။
"အေးပါ။ငါသွားပါ့မယ်။မသွားခင်ကလေးမလေးကိုသေချာလေးဂရုစိုက်လိုက်အုံး။စိတ်ဒဏ်ရာတွေတအားများနေတဲ့ပုံပဲ!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...