Day 6
သူ ဒုတိယထပ်ကိုရောက်လာခဲ့တော့ကျောပြင်သေးသေးလေးကလက်ထဲကအရာကိုစူးစိုက်ကြည့်နေ၏။သက်ပြင်းချကာနောက်ကျောမှပွေ့ဖက်လိုက်တော့တုန်ခါသွားသည်။
"ဦး...ဘယ်တုန်းကရောက်တာလဲ!"
"ခုနမှပဲ။အိပ်ခန်းထဲမှာကလေးမရှိတော့ ကိုယ်ဘယ်လောက်တုန်လှုပ်သွားလဲ ကလေးသိလား!"
"ပန်းကဦးကိုစောင့်ရင်းအိပ်မပျော်လို့စပ်စုမိတာပါ။စိတ်မဆိုးနဲ့နော်!"
"ကိုယ်ကဆိုးစရာလား။ဘာတွေဒီလောက်စိတ်ဝင်စားနေတာလဲ!"
"ဒီပုံထဲမှာလေ ဒီကလေးကပန်း ငယ်ငယ်တုန်းကပုံနဲ့တူတယ်။ဒီကောင်လေးကဦးလား!"
"အဟွန်း..ဟုတ်တယ်။နောက်ကျောကိုလှန်ကြည့်လိုက်!"
"ကိုကိုကြီးနဲ့ပန်းကလေး..!"
ရေးထားသောနာမ်စားကိုရေရွတ်ရင်းဦးကိုမော့ကြည့်မိ၏။
"ဒါ ကလေးအသက်(6)နှစ်တုန်းကပုံလေ။ကိုယ်က(18)လောက်ရှိပြီ။ကိုယ့်အိမ်လာတိုင်း ကိုကိုကြီးဆိုပြီးကိုယ်ပေါ်ကမဆင်းချင်တာဟောဒီကတစ်ပွင့်ပန်းဆိုတဲ့ကိုယ့်အမျိုးသမီးပါဗျာ့!"
ဦးစကားကြောင့်မျက်လုံးလေးကအဝိုင်းသားဖြစ်သွား၏။ဖရိုဖရဲကျနေသောနောက်ကျောကဆံပင်ကိုဦးကပွတ်သပ်ရင်းရင်ခွင်ထဲထွေးဖက်ထား၏။
"ဒါဆို ပန်းတို့အရင်ကတွေ့ဖူးတာပေါ့နော်!"
"ဟို....ဒါဆို ပန်းအိပ်မက်ထဲမှာခဏခဏပါတဲ့ကောင်လေးက...ဦးပေါ့!"
"အဟွန်း!"
"ဘာလို့ပန်းကမမှတ်မိရတာလဲ ဟင်!"
ကလေးစကားကြောင့်ကလေးနဲ့မျက်နှာချင်းဆိုင်လိုက်ကာပါးမို့မို့ကိုနမ်းကြူလိုက်၏။အိထွေးကာနစ်ဝင်သွားသောပါးပြင်လေးကအေးစက်နေသည်။
"ကလေးကငယ်သေးလို့ပါ။ကိုယ် ကလေးကိုစတွေ့တဲ့အချိန်တည်းကချစ်တယ်ဆိုတဲ့စကားကိုခဏခဏပြောခဲ့ဖူးတယ်။ကမ္ဘာပေါ်မှာကလေးကိုအချစ်ဆုံးပဲ သိလား...နောက်ဆုံးကိုယ့်အသက်ကိုကလေးကနှုတ်ယူမယ်ဆိုရင်တောင်ကိုယ်အပြစ်မယူပဲကလေးကိုဆက်ချစ်နေအုံးမှာ!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...