Day 3
(Unicode)
"Morning!"
နိုးခါစမျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်ကာနဖူးကိုနမ်းလိုက်၏။ထိုအခါရင်ခွင်ထဲတိုးဝင်ကာကလေး၏နှုတ်ခမ်းကသူ့ရင်ဘတ်နဲ့ကပ်မိ၏။
"အဟွန်း...မနက်စာဘာစားချင်လဲ။ကိုယ်ဘာပြင်ဆင်ပေးရမလဲ!"
"ဘာလို့လဲ။နေလို့မကောင်းဘူးလား..!"
ရင်ခွင်ထဲက ချစ်ဇနီးလေးကခေါင်းလှုပ်ပြ၍နဖူးကိုစမ်းကာမေးမိသည်။မျက်နှာကိုလက်နဲ့ဆွဲ့မော့လိုက်တော့အလိုမကျမှုနဲ့အတူမျက်နှာကဆူပုပ်ကာလည်ပင်းပေါ်မှအချစ်ရာတို့ကလည်းအထင်းသားပင်။
"ကောင်းပါတယ် ဦးရဲ့...ကျေးဇူးပြုပြီးငြိမ်ငြိမ်နေပေးပါလား။ပန်း အိပ်ချင်သေးလို့ပါ!"
သူလည်းကလေးကိုပိုတိုး၍ဖက်ရင်းမျက်လုံးမှိတ်လိုက်၏။အိပ်စက်ခြင်းသို့တစ်ဖန်ပြန်ရောက်သွားတော့လည်းအိပ်မက်ကလှပနေမြဲပင်။
.....
.....
....
.....
.....
မနက်စာကိုပေါင်မုန့်မီးကင်နဲ့ထောပတ်သုတ်ဖြင့်လုပ်ပေးထားသောကြောင့်အားရပါးရစားနေ၏။ဦးကကော်ဖီတစ်ခွက်နဲ့ထမင်းကြော်ဖြစ်ကာတစ်ခါတစ်လေပန်းကယူယူစားတတ်သည်။ထိုသည်ကိုသိသည့်ဦးကပန်းကိုသူ့ကိုယ်ပေါ်ဆွဲတင်ကာသူကိုယ်တိုင်ခွံ့ကျွေး၏။
"ဦး...!"
"ဗျာ...ပြောပါခင်မျာ့!"
ဦးကပြောလည်းပြောရင်းcrop topဝတ်ထားသောကြောင့်ပေါ်နေသောဗိုက်သားဖြူဖြူကိုပွတ်သပ်နေ၏။
"ဦးကလေ...ဒီမှာစကားအကောင်းပြောမို့ပါဆို"
"ပြောလေ...ကိုယ်နားထောင်နေမှာပေါ့!"
"ဟွန့်...ဦးလက်ကအငြိမ်မနေတော့ပန်းကဘယ်လိုပြောရမှာလဲ!"
"ကဲ...ပြောစေဗျာ!"
ထိုအခါမှလက်ကိုရုတ်ကာပုခုံးပေါ်မှေးတင်လာ၏။
"ပန်း တက်တူးထိုးချင်တယ်!"
"ဘယ်လို!"
"ဦးလိုမျိုးဆွဲဆောင်မှုရှိတဲ့တက်တူးထိုးချင်တယ်!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Любовные романыဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...