Part 12

1.9K 36 0
                                    

(Unicode)

ကစားကွင်းကအတော်အတန်ကျယ်ဝန်း၏။ဘေးပတ်ပတ်လည်၌ရောင်စုံဘောကွင်းများဖြင့်အလှဆင်ထားကာကစားစရာမျိုးစုံရှိသည်။စံအိမ်နှင့်အနည်းငယ်ဝေးသောကြောင့်အိမ်ခြံဝန်းထဲဆောက်ထားသည်ကိုမသိသာလှ။

"အွန်းး ဦးကဘယ်လိုစဥ်းစားမိသွားတာလဲ?"

"ဘာကိုလဲ?"

"ကစားကွင်းဆောက်ဖို့ကိုလေ!"

ဦး၏ရင်အုံကျယ်ကျယ်မို့မို့ကိုပါးအပ်ကာမျက်လုံးမှိတ်၍မှေးနေ၏။တစ်ချက်တစ်ချက်ဦး၏အသက်ရှုသံနဲ့အတူနိမ့်ချည်မြင့်ချည်။

"ကလေးမွေးနေ့မှာsupriseလုပ်ချင်လို့ပေါ့။ကလေးပဲပြောတယ်မလား။ခြံကအကျယ်ကြီးမို့ကစားကွင်းဆောက်လိုက်ရင်ပျော်ဖို့ကောင်းမှာပဲဆိုပြီးတော့လေ။ကိုယ်ကလေးကိုပျော်စေချင်လို့!"

"ဒါဆို တကယ်လို့ပန်းကစားချင်တဲ့အခါကျရင်ဝင်ကြေးပေးရမှာလား!"

"ကိုယ့်ကလေးအတွက်သီးသန့်ဆောက်ပေးထားတာလေ။ကလေးပျော်ဖို့ဆိုကိုယ်ပိုင်ဆိုင်သမျှအရာအားလုံးကfreeပဲ!"

"ဒါဆိုပန်း ကစားချင်တဲ့အခါကျရင်လာရမှာပေါ့။ဟွန်းးးအဝေးကြီးကို!"

ဖက်ထားရာမှရုန်းထွက်ကာနှုတ်ခမ်းဆူ၍မျက်မှောင်ကြုတ်စွာဆိုတော့ဦးမှလက်ကိုဆွဲကိုင်ကာ.....

"ဒါဆို ကိုယ့်အိမ်မှာလာနေလှည့်ပါလား!"

"တော်ပါပြီ။အိမ်ရှင်ငြိုငြင်နေပါအုံးမယ်!"

"ငြိုငြင်စရာလားကွာ။ကိုယ့်ကလေးကဒီလောက်ချစ်ဖို့ကောင်းတာကို!"

"ဘာလို့ပန်းကိုဒီလောက်ထိအလိုလိုက်တာလဲဟင်?တကယ်လို့ပန်းဘဝမှာဦးကမရှိမဖြစ်ဖြစ်လာခဲ့ရင်ဘယ်လိုလုပ်မလဲ!"

"ကလေးဘဝမှာကိုယ်ကမရှိမဖြစ်လိုအပ်တယ်ဆိုတာမဖြစ်စေရဘူး။တောင့်တတာမျိုးမဖြစ်စေရဘူး။လိုအပ်ချက်ဆိုတာမျိုးကလေးဘဝမှာမရှိအောင်ကိုယ့်ဘက်ကအစွမ်းကုန်ဖြည့်ဆည်းပေးမှာ။အဲ့တာကြောင့်နောင်တစ်ချိန်ကလေးဘေးမှာကိုယ်မရှိဘူးဆိုတဲ့အတွေးမျိုးခေါင်းထဲမတွေးနဲ့။ကိုယ့်ကလေးပဲပင်ပန်းတယ်။ကလေးပျော်ရာမှာသာနေ။ကိုယ်စောင့်ရှောက်ပေးမယ်....တစ်ဘဝလုံးစာ!"

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now