(Unicode)
ပန်းသည်ထမင်းစားလျှင်ထမင်းထက်ဟင်းကိုပိုခုံမင်၏။အခုလဲဦးလုပ်ကျွေးသောအထောင်းကိုထမင်းတစ်စေ့လေးမှမဝင်ရပဲဟင်းချည်းပြောင်သလင်းခါအောင်စားလိုက်သည်။ထိုသည်ကိိုဦးမှလက်မှေးထောက်ကာပြုံးပြုံးလေးကြည့်နေသည်ကိုမြင်၍ယောင်ယမ်းကာအပေါ်နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်မိ၏။
"အဟွန်း ကိုယ့်ကလေးကထမင်းထက်ဟင်းကိုပိုကြိုက်တာပဲ။ဟင်းများများစားတာကောင်းပေမဲ့ထမင်းနှင့်တွဲစားမှပိုအရသာရှိမှာပေါ့!"
"ဦးကလဲ!!ဒါကထမင်းနဲ့မှမလိုက်တာကြီးကို။မုန့်ကြွပ်နဲ့မှပိုလိုက်တာ!"
"ဒါဆိုမုန့်ကြွပ်စားမလား!"
"တော်ပြီ။ဗိုက်တင်းနေပြီ!"
ဦးလုပ်ပေးထားသောဝက်နားရွက်ထောင်းကိုပန်းတစ်ယောက်တည်းအကုန်စားလိုက်မိသည်။ဦးကမနက်ခင်းကော်ဖီတစ်ခွက်ပဲသောက်သောကြောင့်နှပ်ကော်ဖီနှင့်ပေါင်မုန့်မီးကင်သာစား၏။
"ဒါဆိုခဏနားလိုက်အုံး။ကိုယ်ဒီခွက်တွေဆေးလိုက်အုံးမယ်!"
"ပန်းလဲကူမယ်လေ!"
"ရပါတယ်ဗျာ့။ခင်ဗျားလေးလက်သည်းကမနေ့ကမှပုံဖော်ထားတယ်မလား။ရေထိရင်ကွာသွားလိမ့်မယ်။ဆိုဖာမှာငြိမ်ငြိမ်လေးသာထိုင်နေလိုက်!"
ဦးစကားကြောင့်အောက်နှုတ်ခမ်းကိုကိုက်ကာခန္ဓာကိုယ်အပေါ်ပိုင်းကလှုပ်ရှားသွားရ၏။
"ဟီးးဦးကအလိုက်သိသားပဲ!"
"ဒါဆိုပန်း ဥယျာဥ်ထဲသွားလိုက်အုံးမယ်နော်!"
"အွန်းးးကိုယ်ခဏနေလိုက်လာခဲ့မယ်"
ဥယျာဥ်ထဲရောက်တော့စံပယ်ပန်းနံ့သင်းသင်းလေးကမွှေးပျံ့၍ခေါင်းကြည်သွား၏။ပွင့်ဖူးနေသောပန်းပင်များကိုဓာတ်ပုံရိုက်ပြီးနောက်ပရဟိတအဖွဲ့များပျိုးထားခဲ့သောပျိုးပင်သေးသေးလေးကိုရေတွက်ကာအိပ်ငိုက်ရပြန်သည်။
ကမ္ဘာပေါ်မှာအလေးဆုံးကမျက်ခွံဆိုတာအမှန်ပဲနေမှာ...
.....
.....
.....
.....
.....
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...