(Unicode)
"ဦး..တကယ်ပဲအဆင်ပြေရဲ့လား။ရေယူအုံးမလား!"
ဦးကယာဥ်ပေါ်မှဆင်းပြီးသည်အထိပျို့တက်နေသေးတာကြောင့်နောက်ကျော်ကိုလက်ဖြင့်အသာနှိပ်ပေးလိုက်၏။
"တော်ပြီ။ကလေးကဘယ်လိုမှမနေဘူးမလား!အဆင်ပြေတယ်မလား!"
"ပန်းကအဆင်ပြေပါတယ်။ဦးကတကယ်ပဲအဆင်ပြေတယ်မလား!"
"အင်း...သူကအပေါ်နှင့်အောက်၊ရှေ့နှင့်နောက်ရွေ့နေတော့အော်ဂလီဆန်သွားတာ!"
"ဟားဟားး ဖြစ်ရမယ်..ဦးတော့!"
"flower....နင့်ကိုအိမ်ကအပြင်ထွက်ခွင့်ပေးလိုက်ပြီဆိုတော့ငါတို့သင်တန်းတစ်ခုခုတက်ရအောင်ဟာ...!"
"ဘာသင်တန်းတက်မှာလဲ!"
"speaking..တို့computer...traningသင်တန်းတစ်ခုခုပေါ့ဟာ!"
"အင်း....တက်ကြတာပေါ့...ဒါပေမဲ့ငါ့အမေကိုမေးကြည့်ရအုံးမယ်!"
"နင်ကလဲဟာ အပြင်ထွက်ဖို့ကိုခွင့်ပြုပေးနေပြီပဲကို!"
"ဒါပေမဲ့ငါကတစ်ခုခုလုပ်ရင်အသိပေးတာမျိုးပဲကြိုက်တာလေ...!"
"....."
"ကလေးတို့ဘယ်သွားကြအုံးမလဲ!"
ဦးကလက်ထဲမှအအေးဘူးကိုပေးရင်းပြော၏။
"တော်ပြီ....ခေါင်းထဲမူးချင်သလိုဖြစ်လာပြီ!"
"အဆင်ပြေရဲ့လား...ဆေးခန်းသွားမလား...မဖြစ်သေးပါဘူး ဒီနေရိပ်မှာခဏရပ်စောင့်နေနော်...ကိုယ်ကားသွားယူလာခဲ့မယ်"
"ဟုတ်..!"
ပန်းနဖူးကိုလက်ဖြင့်စမ်းပြီးလျှပ်တစ်ပြက်အတွင်းပျောက်ကွယ်သွားသောဦးကြောင့်ကြည့်နေသူမှာပိုမူးချင်လာသလိုဖြစ်လာသည်။
"ဟဲ့ နင်တို့ကဘာအခြေအနေလဲ!"
"ဘာကိုဘာအခြေအနေရမှာလဲ!"
"အဲ့ဒီလူကြီးကနင့်ကိုကြိုက်နေတာမဖြစ်နိုင်ဘူးလား...ပျာယာကိုခတ်နေတာပဲ...နင်ကရောခေါင်းမူးတာဟုတ်ရဲ့လား..!"
"ဦးကငါ့ကိုသူ့ညီမလေးလိုပဲသဘောထားတာပါဟာ..တစ်ခြားလျှောက်တွေးမနေစမ်းနဲ့ပြီးတော့ငါကမဟုတ်ပဲနဲ့လိမ်ပြောရမလားဟဲ့....ရာသီလာချင်သလိုကြီးဖြစ်နေလို့!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romantikဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...