"ဒိုင်း..!"
"ဒိုင်း...!"
မရဏတောအတွင်းသေနတ်ပစ်လေ့ကျင့်ရေးစခန်း၌မည်သည့်အကာအကွယ်မျှမပါပဲလက်တန်းပစ်နေသောလူတစ်ဦး..။ယောကျာ်းတန်မဲ့ဖြူဖွေး၍ကျစ်လစ်တုတ်ခိုင်သောလက်ဖျံတစ်လျှောက်သွေးကြောစိမ်းများဖောင်းထွက်နေကာဆွဲဆောင်မှုရှိလွန်း၏။ပစ်မှတ်ကိုစူးစိုက်ကြည့်နေသောညို့မျက်ဝန်းတစ်စုံကသာမာန်အချိန်၌လဲမည်သည့်လူတစ်ဦးကိုမှအထင်မကြီးသည့်အကြည့်မျိုး။ရှမ်းနှင့်တရုတ်စပ်မျိုးဖြစ်တာကြောင့်မျက်ခုံးမွှေးပါးပါးလေးကစူးရှမျက်ဝန်းအပေါ်၌သွယ်တန်းနေ၏။အရပ်6'3"ရှိသောမြင့်မားသည့်အရပ်နှင့်အညီအဆီအပိုမရှိကြွက်သားများအပြည့်ဖြစ်နေသောခန္ဓာကိုယ်ကမိန်းကလေးတိုင်း၏အိပ်မက်ကမ္ဘာထဲကယောကျာ်းမျိုးဖြစ်သည်။မှေးရိုးနှင့်နှာခေါင်းတို့ကတရုတ်မျိုးနွယ်ဘက်စပ်သွားကာချွန်ချွန်သွယ်သွယ်လေးဖြစ်နေသည်။
"Boss သခင်ကြီးကစံအိမ်ကိုလာခဲ့ပါအုံးတဲ့!"
"ဘာ ဒယ်ဒီရောက်နေတာလား။ဘယ်တုန်းကလဲ!"
"ဒီနေ့မှပဲရောက်တာဗျာ့။သခင်မတော့ပါမလာဘူး!"
"ဟူး သွားကြတာပေါ့ကွာ!"
ဂျာကင်အနက်ရောင်ကိုဆွဲဆောင်မှုရှိရှိထပ်ဝတ်လိုက်ကာရှည်လျားသောခြေတံရှည်တို့ကကားဆီသို့မော်ဒယ်တစ်ဦးအလားစတိုင်လ်ကျကျလျှောက်လှမ်း၏။
"ရောက်လာတာမြန်သားပဲ!"
"ဘာကိစ္စရှိလို့လဲ!"
သူစံအိမ်ထဲရောက်တော့ဒယ်ဒီကဆိုဖာပေါ်ထိုင်ကာသတင်းစာဖတ်နေ၏။ဒယ်ဒီနဲ့မျက်နှာချင်းဆိုင်ဆိုဖာ၌ထိုင်ကာစီးကရက်တစ်လိပ်ကိုပါးစပ်နဲ့တည့်လျက်မီးညှိ့၏။လည်တိုင်ကိုဆွဲဆန့်လိုက်၍လည်ဇလုပ်ချွန်ချွန်ကအပေါ်အောက်လှုပ်ရှားသွားသည်။ဆေးလိပ်သောက်နေရင်းတောင်ဆွဲဆောင်မှုရှိလွန်းသောဤအမျိုးသားသည်အထင်ကြီးလောက်သောစွမ်းဆောင်ရည်များဖြင့်ပြည့်နှက်နေ၏။
"ထိုင်ဝမ်ဘက်မှာပစ္စည်းယူဖို့ရှိတယ်။အရမ်းအဖိုးတန်တယ် အဲ့တာမင်းကိုယ်တိုင်ယူခိုင်းစေချင်လို့!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...