(Unicode)
"ကိုကိုကြီးနော် flowerစိတ်ဆိုးလိုက်မှာ။Pandaကိုပြန်ပေးပါဆို"
"ပြန်ပေးနေတာပဲလေ။ယူနိုင်ရင်ယူပေါ့!"
၆နှစ်အရွယ်ကလေးမလေးနဲ့၁၈နှစ်အရွယ်ကောင်လေးတို့၏ကြည်နူးစရာမြင်ကွင်းလေးပင်။ဖြူဖြူပုပုလုံးလုံးလေးဖြစ်နေသောကလေးမလေးကသူ့ထက်အရပ်နှစ်ပြန်ကျော်လောက်ရှည်နေသောကောင်လေးထံမှPandaရုပ်ကိုတောင်းနေခြင်းဖြစ်သည်။စိတ်ဆိုးလေလေပို၍စချင်လာသောကောင်လေးကြောင့်ကလေးမလေးမှာငိုမဲ့မဲ့ဖြစ်နေပေမယ့်လိုချင်တာကိုမရရအောင်ယူတတ်သောအကျင့်ကရှိနေတော့နီးစပ်ရာကောင်လေး၏ပေါင်ရင်းကိုလှမ်းကာကိုက်လိုက်၏။
"အာ့ အာ့ ငတိမလေး။အားလားလား..."
သူ့ပေါင်ကိုပေါက်ကာစသွားနဲ့ကိုက်လိုက်သောကြောင့်အကြောအချဥ်များပြေသွားသကဲ့သို့ကြက်သီးပါထလာ၏။ချွန်ထက်နေသောသွားများကြောင့်ပေါင်ရင်းကကျိန်းသေပေါက်သွားမှာပင်။ဒီကလေးကမထင်ရင်မထင်သလိုကိုက်တတ်သောအကျင့်ရှိသည်ကိုကောင်လေးမှသိနေ၍...
"အဟွန်း...ကိုယ့်ရဲ့ပန်းကလေးမှတ်ထားနော်။စိတ်ဆိုးလို့ဒေါသထွက်တဲ့အချိန်သူများကိုသွားနဲ့
လုံးဝမကိုက်ရဘူး။ဟောဒီကပန်းကလေးရဲ့သွားလေးနာသွားမှာစိုးလို့""အဲ့ဆိုPandaပြန်ပေး"
"ဟုတ်ပါပြီဗျာ့"
Pandaကိုရသွား၍ပြုံးပျော်သွားသောမျက်နှာလေးကညအခါမှာသာနေသည့်လမင်းလေးပင်။မျက်ရစ်ထင်းထင်းလေးနဲ့ချစ်စဖွယ်ကလေးမလေးကတကယ့်ကိုရှမ်းမလေးစစ်စစ်ပင်။
"ကိုကိုကြီးကဘယ်သွားမှာလဲဟင်"
"ကိုကိုကြီးကနိုင်ငံခြားကိုပညာသင်သွားမှာ။ပန်းကလေးကလိမ္မာရမယ်နော်။ပြန်လာရင်Pandaရုပ်အကြီးကြီးတွေဝယ်လာခဲ့ပေးမယ်"
"ဘယ်လောက်ကြာမှာလဲဟင်"
"(10)နှစ်လောက်ကြာလိမ့်မယ်။ကိုကိုကြီးပြန်လာတဲ့အချိန်ကလေးလေးကအပျိုလေးတောင်ဖြစ်နေတော့မှပဲကွာ"
ကောင်လေးကအရွှန်းဖောက်ကာစလိုက်ပေမယ့်သံယောဇဥ်တွယ်လွယ်လွန်းသည့်ကလေးမကထ၍ငိုလာ၏။
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...