(Unicode)
"ပန်း နင်မသောက်နိုင်ပဲသွားမစမ်းနဲ့နော်!"
"နင်ကလဲ ဒါတွေကအပျော့တွေတဲ့ သုတပြောတယ်!"
ပန်း၏favour song Go_Down_Deh သီချင်းလေးကစကားသံကြားစူးစူးနစ်နစ်ပေါ်ထွက်လာလျှင်ကိုင်ထားသောခွက်ကိုခုံပေါ်အသံမြည်အောင်ချလိုက်၏။
"Yeah stand deh deh deh...."
"ပန်းကလေး သိပ်မသောက်နဲ့လေ။ဒါတွေကအပျော့တွေဆိုပေမဲ့များသွားရင်မူးလိမ့်မယ်"
ပန်းအကြိုက်ဆုံးစာသားကိုလိုက်ဆိုရင်းခွက်ကိုကိုင်ကာပါးစပ်နဲ့တေ့မယ်လုပ်တော့လက်တစ်စုံကတားလာ၏။တစ်ခုခုဆိုဦးကလွဲ၍ပိတ်ပင်တာမကြိုက်သောပန်းကထိုလက်ကိုလွှဲချလိုက်ကာမကြားသည့်ဟန်မော့လိုက်သည်။
"နင်ရှိတာပဲကို!"
ခပ်ပြတ်ပြတ်ပြောလိုက်တဲ့စကားကသုတချမ်းသာအတွက်မွေးနေ့မှာလက်ဆောင်အကြီးကြီးရလိုက်သလိုခံစားရစေ၏။မာနတစ်ခုသာအားကိုးရာဟုခံယူထားသောသူကပန်းလေးနဲ့တွေ့မှမာနတွေခဝါချခဲ့ရသည်။
"အဟွန်းး ငါ့ကိုအားကိုးလို့ကျေးဇူးပါ။ငါလေနင့်ကိုတကယ်ချစ်တာပါ။ငါ့မွေးနေ့မှာနင်ခေါ်တဲ့မောင်ဆိုတဲ့အသံလေးကိုကြားချင်တယ်။ငါကြားခွင့်ရှိမလားဟင်!"
သုတစကားကြောင့်ခပ်ထူထူမျက်ခုံးနှစ်ခုကတွန့်သွားကာအလိုမကျသောမျက်နှာဖြင့်.....
"သုတ ငါToiletသွားလိုက်အုံးမယ်!"
"ငါတောင်းဆိုတာများသွားလို့လား။နင့်ဘက်ကအဆင်မပြေလို့လားဟင်!"
သုတကရှေ့မှပိတ်ရပ်ကာတားတော့ကျွတ်တစ်ချက်စုတ်ကာ....
"သုတ နာမ်စားဆိုတာလေအပေါ်ယံတစ်ခုပဲ။နင်နဲ့ငါ့ရဲ့ဆက်ဆံရေးကအပေါ်ယံမှမဟုတ်တာ။အရေးမပါတာတွေလျှောက်မပြောစမ်းပါနဲ့"
"....."
"သုတ သိပ်လဲမခံစားပါနဲ့ဟာ။နင် ပန်းအကြောင်းကိုသိနေတာပဲ"
"ငါ ဘာမှမဖြစ်ပါဘူး။သူ့ဘေးနားရှိနေရရင်ပဲကျေနပ်နေပြီ!"
🎶အချစ်ဆိုတာ ကိုယ့်အတွက် ပျော်ရွှင်ခြင်းလား။နာကျင်ခြင်းလား။ရှင်သန်ခြင်းလား။ပေးဆပ်ခြင်းလား တကယ်ချစ်မိတဲ့အချိန်မှာ...🎶
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
عاطفيةဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...