Day 4
(Unicode)
"အွန့်...ဦး!"
နှုတ်ခမ်းကိုအကြမ်းပတမ်းစုပ်ယူခံရသောခံစားချက်ကြောင့်မျက်လုံးတို့ပွင့်လာခဲ့၏။ဦးကသူမနှုတ်ခမ်းကိုနမ်းနေတာမြင်တော့လန့်ကာဦးကိုတွန်းထုတ်မိသည်။
"အိပ်တော့...ကလေး..နေ့လည်ကခရီးပန်းထားတော့အိပ်ပျော်အောင်အိပ်နော်!"
ပြောပြီး ဦးကထွက်သွားရန်ပြင်၏။တွန်းထုတ်လိုက်လို့စိတ်ဆိုးသွားပြီအထင်နဲ့လက်ကိုလှမ်းဆွဲလိုက်သည်။
"ဦးကဘယ်သွားမှာလဲ?"
"ကိုယ် စီးကရက်သောက်အုံးမယ်။ကလေးကအိပ်လိုက်...ကိုယ့်ကိုမစောင့်နဲ့!"
"သိပ်မကြာနဲ့နော်!"
"အဟွန်း....ပြွတ်စ်!"
ကလေးနားမှာကြာကြာနေရင်သူ့ခန္ဓာကိုယ်မထိန်းနိုင်ပဲပေါက်ကွဲတော့မည်ကိုသိ၍စီးကရက်ဘူးယူကာထွက်လာခဲ့၏။တင်းကြပ်သောအထိအတွေ့ကိုဦးနှောက်ထဲပုံဖော်မိလေလေအောက်ကကောင်ကထိန်းမရဖြစ်လေကြောင့်လိုချင်တောင့်တစိတ်ဖြစ်မိပေမယ့်ခရီးပန်းနေသောကလေးမျက်နှာကိုမြင်လိုက်ရင်ရှေ့ဆက်တိုးမရ။ထို့ကြောင့်သူ့စိတ်ကိုမနည်းထိန်းကာကလေး အိပ်မောကျသွားတော့မှအနားသို့သွားကာခန္ဓာကိုယ်သေးသေးလေးကိုထွေးဖက်ထားမိ၏။
.....
.....
.....
.....
.....
"ဦး သူတို့လည်းရိုးရာအစားအစာဆိုတာရှိမှာပေါ့"
ညကအစောကြီးအိပ်ပျော်သွားတာကြောင့်မနက်ခင်းလေးမှာသာသာယာယာနိုးလာခဲ့၏။မနက်ခင်းနေလုံးကြီးလည်းတဖြည်းဖြည်းခေါင်းလေးပြူကာတစ်အင်းလုံးကိုလွှမ်းခြုံသွား၏။တိုင်းရင်းသားတွေမှာရိုးရာဝတ်စုံ၊ရိုးရာဓလေ့၊ရိုးရာပွဲ၊ရိုးရာအစားအစာတွေရှိသလိုအင်းလူမျိုးတွေကလည်းတိုင်းရင်းသားပေမို့ရိုးရာဝတ်စုံ၊ရိုးရာအစားအစာတွေရှိမည်ထင်သည်။ဒါတွေကိုရောက်တုန်းရောက်ခိုက်မြည်းစမ်းချင်မိ၏။
"ရှိတယ်လေ!"
"အဲ့တာစားချင်တယ်!"
"တကယ်လား!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...