Intro For Next Fiction

2.5K 14 2
                                    

ပန်းကလေး၏ချစ်မှတ်တမ်း

(or)

အချစ်သို့ရှုံးနိမ့်ခြင်း(မဆုံသောလမ်း)

Intro

"ပန်းကလေးက ကိုကို့ကိုတွေ့ဖို့အဝေးကြီးကနေလာခဲ့တာလေ။ဘာလို့ပန်းကလေးကိုအသိအမှတ်မပြုရတာလဲ"

"ဒီကိုလာဖို့မင်းကိုငါတိုက်တွန်းခဲ့တာမဟုတ်ဘူး...ဒေစီယာ...မင်းဆုံးဖြတ်ချက်နဲ့မင်းလာခဲ့တာ။ပြီးတော့...ငါ့နာမည်ကိုကိုမဟုတ်ဘူး...
စိုင်းဒင်္ခရောင်ခြည်...နောက်တစ်ခါကိုကိုလို့မခေါ်နဲ့"

"ခေါ်မှာပဲ...သူပဲ နောက်တစ်ခါပြန်တွေ့ရင်ကိုကိုလို့ခေါ် လို့ပြောပြီးတော့!ပြီးတော့ပန်းကလေးကို ဒေစီယာလို့မခေါ်ပါနဲ့။အဲ့တာကသူများတွေခေါ်တာ...ကိုကိုတစ်ယောက်တည်းခေါ်ဖို့ပန်းကလေးဆိုတဲ့နာမည်ရှိတယ်။ကိုကိုလည်းအဲ့တာပဲခေါ်"

"ဒေစီယာ...ငါမင်းကိုမုန်းတာလည်းအဲ့ဒီနာမည်ကြောင့်ပဲ။ဒေစီကိုချစ်တဲ့မင်းက မင်းကိုချစ်တဲ့ယောကျာ်းတစ်ယောက်ကိုလျစ်လျူရှုနိုင်ခဲ့တာ...အဟွန်း...ဒီဘဝမှာတော့မရဘူး ဒေစီယာ..နောက်ထပ် ငါ့ကိုလာမပတ်သက်နဲ့။မင်းကိုငါအရမ်းမုန်းတယ်!"

"မုန်းပါ။ကိုကိုမုန်းသလောက်ပန်းကလေးကကိုကို့ကိုချစ်ပေးမယ်...ပန်းကလေးရဲ့အချစ်ကိုအသိအမှတ်ပြုပြီးပြန်ချစ်ပေးဖို့မလိုဘူး။ပန်းကလေးချစ်တာသိရင်တော်ပြီ"

"....."

"တစ်ခုပဲ ပန်းကလေးလို့ကိုကို့နှုတ်ဖျားကနေခေါ်တာလေးကြားချင်တယ်!"

"စိတ်ကူးမယဉ်နဲ့...ပန်းကလေးဆိုတာငါချစ်တဲ့ကျူးလစ်ကလွဲပြီးတစ်ခြားဘယ်သူ့ကိုမှမခေါ်နိုင်ဘူး။မင်းဆိုရင်တော့ပိုဆိုးပေါ့..."

မျက်မှန်ကိုလက်ညိုးနဲ့ပင့်လိုက်ကာပန်းကလေးကိုစိုက်ကြည့်၍ထွက်သွားသောကိုကို့ကျောပြင်ရှည်ကြီးကပန်းကလေးအပိုင်မဟုတ်ခဲ့ပါ။မာမီ့ကိုအတိုက်အခံလုပ်ပြီးမြန်မာပြည်ကိုလာခဲ့ပေမယ့်ကိုကိုဟာပန်းကလေးကိုမေ့ရုံသာမကချည်ကြိုးနဲ့သီကာဆွဲပေးခဲ့ဖူးသောရွှေဖြူရောင်လက်စွပ်လေးလည်းကိုကို့လည်ပင်းထက်ရှိမနေခဲ့ပါ။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now