Day 7
ရေချိုးခန်းမှာ(2)နာရီခန့်ကြာသွားပြီးနောက်ပန်းဟာအသက်ရှုတောင်ဖြည်းဖြည်းချင်းသာရှုရသည်။အတူနေတာများလာတော့ခံနိုင်ရည်ရှိလာပြီဖြစ်ပေမယ့်ရင်ခုန်တာရောသာယာမှုကပါရောပြွန်လာတော့ခံစားချက်ပေါင်းစုံထိန်းချုပ်ထားရ၏။
"ဦး..!"
"ဗျာ..!"
"ဘာလို့ပန်းကိုစတွေ့တည်းကမပြောခဲ့တာလဲဟင်!"
"ဘာကိုလဲ"
"ပန်းတို့အရင်ကဆုံဖူးခဲ့ကြတာကိုလေ။ဘာလို့ပန်းကိုမပြောခဲ့တာလဲ"
"ကိုယ်ပြောရင်ကလေးကယုံမှာလား။ဒီအိမ်ကိုတောင်ကလေးကမမှတ်မိတာ...ကိုယ့်ကိုရောမှတ်မိမှာမို့လို့လား!"
"ဒီအိမ်ကအရင်ကအနက်ရောင်မဟုတ်ပါဘူး။အုတ်ခဲရောင်လေးပါ။ဦးကလက်ဆော့ပြီးအရောင်ပြောင်းလိုက်တာမလား"
ပန်းစကားကြောင့်ဦးကငြိမ်သက်နေရာမှပန်းကိုသူ့ရင်ထဲကဆွဲထုတ်ကာပန်းမျက်ဝန်းထဲစူးစိုက်ကြည့်၏။
"ကိုယ်ကလက်ဆော့ရအောင်ကလေးမှမဟုတ်တာ"
"ဟွန့်...သိဘူး။ပန်းကိုစတွေ့တည်းကလျှို့ဝှက်ထားလို့စိတ်ဆိုးတယ်။တကယ်လို့ပန်းသာအဲ့အခန်းကိုမဝင်ခဲ့ရင်ပန်းငယ်ငယ်တုန်းကအချစ်ဦးကဦးဆိုတာကိုသိရမှာမဟုတ်ဘူး"
"အချစ်ဦး...!"
"အယ်...ဟုတ်ပါဘူး။တော်ပြီ...ပန်းအောက်ဆင်းတော့မယ်"
ရုတ်တရက်ထွက်သွားသောစကားကြောင့်ပြန်ရုတ်သိမ်းလို့မရတော့ပေမယ့်ရှောင်ထွက်ရန်ကြိုးစားတော့ဦးကသွားခွင့်မပေး။
"မအိပ်တော့ဘူးလား!"
"မနက်ပိုင်းကြီးကိုအိပ်စရာလား!"
"အဟွန်း...လမ်းရောကောင်းကောင်းလျှောက်နိုင်လို့လား!"
"စိတ်မပူပါနဲ့။ပန်းကသက်လုံကောင်းပြီးသားပါ!"
"ရေချိုးခန်းမှာကျအသားကုန်အော်နေပြီးတော့"
"ဦးနော်...ဦးမှပန်းကိုမညင်သာတာ"
ဦးစကားကြောင့်မျက်စောင်းထိုးကာဦးရင်ဘတ်ကိုဆိတ်ဆွဲလိုက်၏။
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Dragosteဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...