(Unicode)
Day 11
"ကဲ ပြောစမ်းပါအုံး မယ်မင်းကြီးမ ဒီလောက်နောက်ကျနေရတဲ့အကြောင်း!"
ပန်းကဆိုင်ထဲသို့ရောက်တော့နန်းဟွမ်မှရှေးဦးစွာဆီးကြို၏။
"ဦးပေါ့...အချိန်တွေဆွဲနေလို့ကြာသွားတာ!"
"ဖြစ်ရမယ့် ရှင့်ဦးမပါပဲဒီကိုတစ်ယောက်တည်းမလာရဘူးလား"
မေဂျာတူလားရှိုးသူမနန်းဆွမ်ရမ်မှပြောလာ၏။ပန်းတို့ကတစ်ဆောင်တည်းအတူတူနေခဲ့သလိုကျောင်းလည်းအတူတူသွား၏။သူငယ်ချင်းအားလုံးစုစုပေါင်းဆယ်ယောက်လောက်ရှိမည်။ယောကျာ်းလေးသူငယ်ချင်းက၄ယောက်သာပါ၏။
"လွှတ်ပါလိမ့်မယ် အားကြီးကြီး!"
"ဒါပေမယ့်ရှင့်ကိုတော့သိပ်ချစ်သားနော်။အသိသားကြီး...ခုရောပါမလာဘူးလား!"
"ကားထဲမှာ!"
"ဟယ် ငါတို့ကလွတ်လွတ်လပ်လပ်လျှောက်လည်ချင်တာလေ။သူပါရင်မလွတ်လပ်ဘူးဟာ!"
"နင်တို့ကလည်း မမြင်ချင်ယောင်ဆောင်လိုက်ပေါ့!"
နန်းဟွမ်ကငြီးကာဆိုတော့အချိုရည်ကိုမျိုချရင်းပြောလိုက်၏။
"ငါတို့ကရတယ် မရမှာက ရှင်!"
"ငါကဘာဆိုင်လို့လဲ?"
"သုတလည်းလာမှာ!"
"ဘာ...!"
"ငါတို့သူငယ်ချင်းတွေစုမယ်ဆိုတော့သူ့ကိုလည်းပြောလိုက်တာ။တကယ်လို့နင်အနေရခက်တယ်ဆိုရင်မလာတော့နဲ့လို့ပြောလိုက်မယ်လေ!"
"ရတယ် တော်ပြီ မပြောနဲ့တော့။အားနာစရာကြီးဖြစ်နေမှာ...ပြီး ပြီးသားကိစ္စတွေပဲ။ပြန်ပြင်လို့မှမရတာ...ဖုန်းမဆက်နဲ့တော့!"
သုတနဲ့ဆိုတော့ဆယ့်တစ်ယောက်ပေါ့။သုတလည်းမေဂျာတူဆိုတော့သူပါလာလိမ့်မည်ထင်ပါသည်။ဆိုင်ကမှန်နဲ့ကာထား၍အပြင်ဘက်ကိုရှင်းရှင်းမြင်ရ၏။ဦးကလမ်းတစ်ဖက်မှာကားရပ်ထားကာအရိပ်ရသောအပင်အောက်တွင်ထိုင်နေ၏။ဆိုင်ထဲလိုက်ပါလို့ပြောပေမယ့်သူပါရင်ရှုပ်နေမှာစိုးမလိုက်ခဲ့ပေ။ဦးသာသုတကိုမြင်ရင်ဘယ်လိုလုပ်မည်နည်း။
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...