(Unicode)
Day 17
ရှေ့နေဝတ်စုံကိုအပြင်ကထပ်ကာမြန်မာဝမ်းဆက်နဲ့ကျက်သရေရှိလှသောကလေးငယ်ကရင့်ကျက်သောမျက်နှာသွင်ပြင်ဖြင့်ဆွဲဆောင်မှုရှိလှ၏။သို့ပေမဲ့၂နှစ်တိတိဝေးကွာခဲ့သောချစ်ဇနီးလေး၏မျက်နှာဝိုင်းဝိုင်းလေးကတင်းမာလျက်ရှိသည်။
"ကလေး!"
"ကိုယ့်ဆီလာလေ"
သူခေါ်လိုက်တော့black color high heelဖြင့်ဟန်ပါပါလျှောက်လာကာသူ့မျက်ဝန်းကိုငြိုးငယ်စွာကြည့်၏။
"အဟွန်း ကြည့်စမ်းကွာ...ကိုယ်တို့ဝေးနေတဲ့အတောအတွင်းကိုယ့်ကလေးကရင့်ကျက်လာလိုက်တာ...အရင်ကကိုယ့်ဇနီးတစ်ပွင့်ပန်းမဟုတ်တော့သလိုပဲ"
"ပန်းမေးစရာရှိတယ်...ဦးအမှန်အတိုင်းဖြေမလား!"
ကလေးငယ်၏မျက်နှာမှအစအသံကပင်အရင်ကတစ်ပွင့်ပန်းနဲ့လားလားမျှမတူ.....သို့သော်သူချစ်သောသူ့ချစ်ဇနီးကတစ်ယောက်တည်းပင်။
"ကလေးသိချင်တာအကုန်မေး...အမှန်အတိုင်းဖြေမယ်လို့ကတိပေးတယ်!"
"ဦးက ကမ္ဘာလုံးဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကအလိုရှိနေတဲ့ Mr.KHAဆိုတာဟုတ်လား!"
ကလေးငယ်၏တည်ငြိမ်ပြတ်သားသောအသံနဲ့အတူတုန်လှုပ်မှုမရှိသောမေးခွန်းကြောင့်အံ့သြသွားရ၏။ဒီလိုနေ့ရောက်လာမယ်ဆိုတာကြိုသိခဲ့ပေမဲ့တည်ငြိမ်လွန်းသောကလေးမျက်နှာကြောင့်မယုံကြည်နိုင်ဖြစ်ရသည်။
"ကလေး..!"
"ဖြေပါ ရှင်ကMr.KHAလား?ဒါမှမဟုတ် ကျွန်မကိုသိပ်ချစ်တဲ့ကျွန်မယောကျာ်းလား?"
"ဘာရှင်လဲ?ဘာကျွန်မလဲ?ဒီ၂နှစ်အတွင်းအခေါ်အဝေါ်တွေပြောင်းရလောက်အောင်ကိုယ်တို့ကဒီလောက်ထိစိမ်းသွားတာလား!"
"ကျွန်မမေးတာပဲဖြေပါ...ဦးဒင်္ခ.."
"ကိုယ်ကဘာကိုဖြေရမှာလဲ?သိနေပြီးသားအဖြေကိုလာမေးတော့ကိုယ်ကဘယ်လိုဖြေရမှာလဲ!"
"ကျွန်မက ကမ္ဘာလုံးဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းထဲကအဖွဲ့ဝင်တစ်ယောက်ပါ။ပြီးတော့မြန်မာနိုင်ငံရဲ့တရားရုံးချုပ်မှာသစ္စာရှိစွာဥပဒေကိုမြတ်နိုးတဲ့ရှေ့နေတစ်ယောက်.....ရှင် ကျွန်မမေးတာဖြေဖို့ကျွန်မအားလုံးလုပ်နိုင်တယ်!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...