Part 15

1.9K 31 0
                                    

(Unicode)

"သမီးလေး အိမ်ပိုင်ပြီ၊မေမေတို့လက်အောက်ကလွတ်ပြီဆိုပြီးတော့ထင်ရာမစိုင်းနဲ့နော်။မေမေကသမီးကိုကြီးကိုလွှတ်ပြီးတော့တစ်ပတ်တစ်ခါလာကြည့်ခိုင်းမှာ!"

"ဟုတ်!"

မေမေကပန်းကိုစိတ်မချသလိုကြည့်၍ပြော၏။မသွားခင်ကအိမ်နဲ့ဝေးပြီဟူ၍ပျော်နေသလောက်တကယ်တမ်းကြုံလာရတော့ငယ်ငယ်လေးတည်းကအိမ်နဲ့မခွဲဖူးသောပန်းအဖို့အားငယ်နေမိသည်။

"ကဲ သွား သွား။သားလျှံ မင်းညီမကိုလိုက်ပို့လိုက်အုံး!"

"ဟုတ်ကဲ့။လာ သွားမယ်!"

ဖေဖေနှင့်မေမေကိုပါးတစ်ချက်မွှေးကြူရင်းပေါ်တီအောက်ရပ်ထားသောကားပေါ်တက်လိုက်၏။တစ်ဖက်ကိုကြည့်လိုက်တော့ကိုကြီးမျက်နှာကဖောဖောလေးဖြစ်နေကာအရင်လိုမရွှင်ပြနေ။ကားကခြံထဲကနေထွက်လာသလိုဒီအတောအတွင်းကိုကြီးဆီမှသက်ပြင်းချသံလဲမရေမတွက်နိုင်အောင်ကြားခဲ့ရပြီးပြီဖြစ်သည်။

"ကိုကြီးနေမကောင်းဘူးလား။မျက်နှာလဲဖြူဖပ်ဖြူရော်နဲ့!"

"ကောင်းတယ်!"

"မမဆိုဖီရော!"

"ပန်း နင်မေးခွန်းတွေဆက်မမေးနဲ့တော့ဟာ။ဆက်မေးရင်နင့်ကိုဒီနားတင်ပစ်ချထားခဲ့မှာ!"

ညကတစ်ရေးမှမမှေးရသလိုဒင်္ခပေးလာသည့်ဝိုင်ကိုတစ်ယောက်တည်းအကုန်သောက်လိုက်တာကြောင့်ငြီးစိစိနဲ့စိတ်မကြည်မလင်ဖြစ်နေ၏။ဒါကိုအလိုက်ကန်းဆိုးမသိသည့်ပန်းကမေးခွန်းတွေလာမေးတော့ခပ်ပြတ်ပြတ်ဖြေလိုက်ပေမဲ့သဲငယ်နာမည်ကြားလိုက်တော့ဒေါသထွက်ကာအော်ငေါက်မိသည်။

"အောင်မာ ကိုကြီးနော်။ပစ်ချထားရဲရင်ပစ်ချထားကြည့်ပါလား။ဦးကိုဖုန်းဆက်ခေါ်လိုက်မှာပေါ့...ဟွန်းးးတစ်ပွင့်ပန်းကိုဘာမှတ်နေလဲ?"

"......."

"ကိုကြီးကဒီလိုလဒမှိုင်နေတာနဲ့မလိုက်ပါဘူး။ဘာဖြစ်နေတာလဲဆိုတာပန်းကိုပြောကြည့်လေ။ရင်ထဲပေါ့သွားတာပေါ့!"

ပန်းကအချစ်အကြောင်းတွေမသိပေမဲ့ကိုးရီးယားဇာတ်လမ်းတွဲကိုမလွတ်တမ်းကြည့်သောပန်းအဖို့အချိုးတစ်ချက်ပြောင်းတာနဲ့ဘာဖြစ်နေတယ်ဆိုတာတန်းသိသည်။မီးပွိုင့်မိနေ၍ကားရပ်ထားသောကြောင့်ထိုင်ခုံခါးပတ်ကိုဖြုတ်ကာကိုယ်ကိုလှည့်၍စိတ်ဝင်တစားနားထောင်နေ၏။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now