(Unicode)
"ဦး ဟိုမှာကိုကြီးမလား။သူ့ဘေးမှာဘယ်သူလဲမသိဘူး"
ပန်းတို့အိမ်ပြန်လမ်းတွင်လမ်းဘေးကဆေးဆိုင်၌ရပ်နေသောကိုကြီးနှင့်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်၍မေးလိုက်သည်။
"ကျွီ့!"
"ဒင်္ခ ညီမလေး!"
ရုတ်တရက်လျှံဘေးနားကပ်၍လာရပ်သောကားကြောင့်ကြည့်မိတော့ဒင်္ခနှင့်ညီမလေးဖြစ်နေ၍အံ့သြသွားသည်။
"ကိုကြီး ဒီမှာဘာလုပ်နေတာလဲ!"
"ဒါလျှံ့ရဲ့ညီမလေးလား။ချစ်စရာလေးပဲ....မမနာမည်Sofiaပါ!"
"ဟီးးးဟုတ် ပန်းနာမည်ကတစ်ပွင့်ပန်းပါ။ဒါနဲ့ကိုကြီးနှင့်မမကဒီကိုဘာလာလုပ်တာလဲဟင်"
ပန်းအမေးကို ကိုကြီးကမဖြေပဲအင်တင်တင်လုပ်နေတော့ဆိုဖီကဝင်ပြောလိုက်၏။
"ဆေးလာဝယ်တာလေ!"
"ဘာဆေးလဲဟင်!"
"အဟမ်းးဒင်္ခမင်းညီမလေးကိုအိမ်ပြန်ပို့မယ်မလား။သွားတော့လေ!"
"အဟွန်းးဒါဆိုနောက်မှတွေ့မယ်။ဒါနဲ့လက်သွက်တယ်နော်!"
"ဟာ..."
ဒင်္ခမှအတည်ပေါက်ကြီးစသွားသောကြောင့်မျက်နှာပူ၍ကျန်ခဲ့သည်။ဒီတစ်ခါတော့ဒင်္ခရှိနေ၍လွတ်သွားသည်။စပ်စုစိန်ညီမလေးနှင့်ဘာမဆိုပွင့်ပွင့်လင်းလင်းရှိသည့်Sofiaတွဲမိလျှင်လျှို့ဝှက်ချက်တွေဘူးပေါ်သလိုပေါ်ကုန်လိမ့်မည်။
"ဦးသူတို့ကဘယ်လိုပတ်သက်ကြတာလဲဟင်။ဦးသိလား"
"မသိဘူးလေ။ကလေးသိချင်ရင်မေးကြည့်ပေါ့"
"မေးရမှာပေါ့။ကိုကြီးကဘယ်မိန်းကလေးနဲ့မှပတ်သက်ဖူးတာမဟုတ်ဘူး။သူ့ဘေးမှာမိန်းကလေးဆိုလို့တစ်ယောက်မှမမြင်ဖူးဘူး။အခုကထူးတော့ထူးဆန်းနေတယ်။ပြီးတော့သူတို့ကဆေးဆိုင်ကိုဘာလာလုပ်ကြတာလဲ။ပန်းမေးတာလဲမဖြေဘူး။ကိုကြီးအစုတ်ပလုတ်"
ပါးလေးဖောင်းကာနှုတ်ခမ်းသေးသေးလေးကနေစကားတွေတရစပ်ပြောနေတာကြောင့်အမြတ်တနိုးလှည့်ကြည့်မိ၏။
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romanceဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...