Part 21🚨🚨🚨

6.5K 40 1
                                    

(Unicode)

"မေမေကလည်း ပန်းတို့သွားချင်ပါတယ်ဆို"

"မသွားရဘူး သမီးငယ်။ကိုယ့်ရဲ့ရိုးရာဓလေ့ကိုလေးစားရမယ်လေ!"

မိုင်းယုကိုသွားဖို့မေမေ့ကိုပူဆာပေမယ့်မပေးသွားတဲ့အပြင်ဖေဖေကပါတားတော့မျက်နှာလေးငုံကာဆူပုတ်နေ၏။

"အဲ့တာကအရင်ကလေဗျာ...အခုခေတ်မှာဒါတွေမရှိတော့ပါဘူး။ကလေးလည်းအိမ်မှာနေရတာမွန်းကြပ်မှာပေါ့။သွားခွင့်ပြုပါဗျာ!"

ဦးကပန်းအကြိုက်ကိုလိုက်ကာပြောတော့ခေါင်းလေးမော့ကာဦးကိုပြုံး၍ကြည့်မိ၏။ပန်းကိုမျက်လုံးတစ်ဖက်မှိတ်ပြလာသောဦးကြောင့်ပန်းကိုနှလုံးရောဂါရစေချင်သလားပင်။

"မောင်ဒင်္ခ မင်းကဒီလိုအလိုလိုက်နေရင်သမီးငယ်ကပိုဆိုးလာမှာပေါ့။ဘယ်လောက်ပဲကိုယ့်ထက်ငယ်ပါစေအုံးတော့ဒါမျိုးကျခွင့်မပြုသင့်ဘူး!"

"ဦး..ပန်းတို့မသွားတော့ဘူးလေနော်။ပန်းတို့ကရအောင်!"

ဦးကဖေဖေ့ကိုထပ်ပြောမယ်လုပ်တော့ပန်းကတားလိုက်၏။ဖေဖေဟာငယ်စဥ်ကတည်းကပန်းဘဝပန်း၏လွတ်လပ်ခွင့်ကိုတစ်ခွန်းမျှဝင်မပြောဖူးပေမယ့်ဓလေ့ထုံးတမ်းတွေနဲ့ပတ်သက်ရင်အထိမခံတဲ့သူပါ။ဦးကလည်းပန်းကလိုချင်ရင်ကြယ်တွေကိုတောင်ခူးဆွတ်ပေးမယ့်လူဆိုတာသိနေ၍ဖေဖေနဲ့ထပ်ပြီးအတိုက်အခံလုပ်ရင်မကောင်းတတ်တာကြောင့်ပန်းသာတစ်ထစ်လျှော့လိုက်ရ၏။အိမ်အပြင်ဘက်ဆီမှကြားနေရသောဗုံသံကြောင့်ဦးကတာကိုမြင်ချင်၍ခြံသို့ဆွဲခေါ်ထုတ်လာ၏။

🎶တောင်ယာဝင်ချိန်မှာ.... ငွေမိုးစက်ကလေးတွေချိုမြိန်စွာဖူးပွင့်လို့ အို လှပပါတယ်...အသီးအပွင့်ပန်းတွေယိမ်းကတော့မယ်...နုနုကိုကွယ် ဒို့လာခေါ်မယ် တွေးလို့ပျော်တယ်...ဝါကျွတ်ပွဲကိုလက်ထပ်ဖို့ကြိုးစားနေပါတယ်....တို့တစ်တွေဆုံလျှက်တွေးလို့ရင်ခုန်တယ်🎶

🎶နေဝင်ချိန်မှာ အို ကျေးငှက်ကလေးတွေသာယာစွာတေးကျူးလို့ အို လှပပါတယ် အသီးအပွင့်ပန်းတွေယိမ်းကတော့မယ်...နုနုကိုကွယ်ဒို့လာခေါ်မယ်တွေးလို့ပျော်တယ်..ဝါကျွတ်ပွဲကိုလက်ထပ်ဖို့ကြိုးစားနေပါတယ်..တို့တစ်တွေဆုံလျှက်တွေးလို့ရင်ခုန်တယ်🎶

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now