Part 35

1.8K 28 3
                                    

(Unicode)

Day 14

"ကျန်းမာရေးဂရုစိုက် ကြားလား!"

"ဟုတ်!"

မနက်ဖြန်မနက်(4)နာရီလေယာဥ်နဲ့ဘန်ကောက်ကိုထွက်ရမှာဖြစ်သည်။ဘန်ကောက်ကနေမှUKကိုသွားရမှာဖြစ်သောကြောင့်မသွားခင်ဖေဖေနဲ့မေမေ့ကိုကန်တော့နေခြင်းဖြစ်သည်။

"မုန့်ဖိုးမပေးတော့ဘူးလား!"

"ဟွန်း...ဒါမျိုးကျတော့အမှတ်ရကောင်းတယ်!"

"မေမေကလည်း ပန်းကဟိုမှာတစ်ယောက်တည်းနေရမှာလေ။အဲ့တော့ပိုပိုလိုလိုယူသွားမှရမှာပေါ့!"

"ကျုပ်ကလည်းငြိုငြင်လို့ပြောတာမဟုတ်ဘူး။ဒီသမီးလေးကိုအဝေးကြီးမလွှတ်ချင်ဘူး သမီးရယ်"

"သိပ်မကြာပါဘူး မေမေကလည်း...ပြီးတော့တစ်နှစ်မှာတစ်ခါလောက်တော့ပြန်ဖြစ်မှာပါ!"

"အေးပါ ငါကဘာပြောနိုင်မှာလဲ။ညည်းသဘောပဲပေါ့"

မေမေ့ရင်ခွင်ထဲတိုးဝင်လိုက်တော့ခေါင်းလေးပုတ်ပေးလာ၏။မေမေဟာstrongဖြစ်သည့်အမျိုးသမီးပါ။ဖေဖေထက်လောကဓံတရားကိုခံနိုင်ရည်ရှိသောမေမေကခုတော့မျက်ရည်ဝဲနေသည်။ပန်းကလည်းဆုံးဖြတ်ချက်ချပြီးရင်မပြင်တတ်သောအမေတူသမီးမို့စိတ်မကောင်းပေမယ့်နောက်ပြန်လှည့်တတ်သည့်သူမျိုးမဟုတ်ပါ။

"တကယ်ပဲတစ်ယောက်တည်းဖြစ်ရဲ့လား။မောင်ဒင်္ခမပါရောဖြစ်ရဲ့လား!"

"ဖြစ်ပါတယ် မေမေရဲ့။လူ့စိတ်ဆိုတာပြောလို့မရဘူး...နေရာအသစ်ရောက်ရင်နေရာဟောင်းကိုပိုပြီးပြန်ချင်ကြတာမလား။တကယ်လို့ဦးသာလိုက်ခဲ့ရင်တစ်ယောက်တည်းချန်ခဲ့တဲ့နေရာမှာပိုပြီးအထီးကျန်လိမ့်မယ်"

"နင့်ကိုတော့ဘယ်သူမှမတားနိုင်ဘူး ညီမလေး...ဒါဟာညီမလေးကိုချစ်လို့...ညီမလေးရွေးတဲ့လမ်းကလည်းမှန်လို့ကိုကြီးတို့ကဘာမှမပြောပဲကြည့်နေတာနော်။ဒါပေမယ့်တစ်ခုခုဖြစ်လာခဲ့ရင်ကိုကြီးတို့ကိုပြောနော်...တစ်ယောက်တည်းမျိုသိပ်မထားနဲ့။ကိုကြီးတို့ချက်ချင်းလာခဲ့မယ်!"

"ဟုတ်ကဲ့ပါ ကိုကြီးရဲ့။ပန်း ကိုယ့်ဘာကိုယ်စောင့်ရှောက်နိုင်ပါတယ်"

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now