Part 16

2.1K 29 1
                                    

(Unicode)

📲တူ... တူ.... တူ....📲

"Flower နင့်ဖုန်းလာနေတယ်!"

နန်းဟွမ်ကမမြင်စမ်းဝါးဖြင့်မျက်လုံးမှိတ်၍ ပန်း မျက်နှာပေါ်ထိတော့ငြိမ်ကျနေပြီးသားမျက်လုံးကမဖွင့်ချင်ဖွင့်ချင်ပွင့်လာ၏။ထို့နောက်ဖုန်းကိုယူလိုက်ကာ....

"ဟင်းး အင်း ဟဲလို!"

"ဟဲလို ကလေး...အိပ်တောင်နေပြီလား!"

"အွန်းး အချိန်ကိုလဲကြည့်အုံးလေဦးရဲ့ ဘယ်အချိန်ရှိပြီလဲဆိုတာ!"

ကလေးကသတိပေးတော့မှဖုန်းကိုနားမှခွာကာနာရီကိုကြည့်မိ၏။12ထိုးဖို့5မိနစ်အလိုဖြစ်၍မျက်ခုံးပင့်မိသည်။စီးကရက်တစ်ဘူးကုန်အောင်ထိုင်သောက်နေရင်းအချိန်ကိုမေ့သွားခြင်းဖြစ်သည်။

"အဟင်းး ကိုယ်က ကလေးကိုအိပ်လို့မရဘူးထင်နေတာ!"

"ဟွန်း ပန်းကိုအထင်သေးတာပဲ။ပန်းကဘယ်နေရာရောက်ရောက်အဆင်ပြေအောင်နေနိုင်ပါတယ်ဆို!"

"ဟုတ်ပါပြီ!ဒါဆို ကိုယ်စိတ်ချလို့ရပြီပေါ့"

"အင်းပေါ့...အခုကဘာကိစ္စလဲဟင်..ဦး!"

မျက်လုံးဖွင့်လျှင် လှဲ၍မနေတတ်သော ပန်း ကခေါင်းအုံးကိုလက်ကပိတ်၍ထထိုင်လိုက်သည်။ထို့နောက်ကုတင်ခေါင်းရင်းဘက်၌ကပ်လျက်မီးခလုတ်ကိုဖွင့်လိုက်၏။

"ဘာရယ်မဟုတ်ပါဘူး...ကလေး အိပ်နေပြီဆိုတော့ဆက်အိပ်လိုက်နော်။ကိုယ်ဖုန်းချလိုက်တော့မယ်"

"ဟွန်း ဦးကလေ အလိုက်ကန်းဆိုးကိုမသိဘူး!"

ဦးကဖုန်းချလိုက်တော့မည်ဆို၍ပြူးကျယ်ကျယ်ဖြစ်လာသောမျက်လုံးကတော်ရုံနဲ့အိပ်လို့မရတော့ဘူးဆိုတာသိလာ၍ကျစ်တိုက်မိသည်။

"ကိုယ်ကဘာလုပ်လို့လဲ"

"ညကြီးအချိန်မတော်လူအိပ်ချိန်ဖုန်းဆက်ပြီးတော့ဒီအတိုင်းထားခဲ့လို့ရတယ်လား။အခုဦးကြောင့်ပန်းဆက်အိပ်လို့မရတော့ဘူး။အဲ့တာ ဦး တာဝန်ယူ!"

"ဆောရီးပဲကွာ။ကိုယ်အခုမှသတိထားမိတယ်....ပြော...ကလေးအိပ်လို့ရအောင်ကိုယ်ဘာလုပ်ပေးရမလဲ!"

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now