Part 29

1.5K 22 2
                                    

Day 8

ရင်ခွင်ထဲမှကလေးငယ်ကလှုပ်စိလှုပ်စိဖြစ်ကာတစ်ခါတစ်လေသူ့ကိုတွန်းထုတ်တတ်၏။အိပ်နေရင်းသွားကြိတ်တတ်သလိုယောင်ကာထထအော်တတ်သေး၏။မြတ်နိုးလွန်းရသောချစ်ရသူလေးကိုရင်ခွင်ထဲထွေးဖက်ကာတင်းကြပ်စွာဖက်ထားမိ၏။နောင်တစ်ချိန်ဆိုဒီလိုထွေးဖက်ခွင့်မရနိုင်တော့မှာစိုးပါသည်။

"အင့်...!"

"ဦး...မအိပ်သေးဘူးလား!"

တင်းကြပ်သောလက်တစ်စုံ​နဲ့အတူအသက်ရှုကြပ်လာသောခံစားချက်ကြောင့်မျက်လုံးဖွင့်ကာကြည့်မိတော့ဦးကပန်းကိုစူးစိုက်ကြည့်နေ၏။

"အိပ်လို့မပျော်ဘူး!"

"ဘာဖြစ်လို့လဲ။နေကောင်းတယ်မလား!"

ရင်ခွင်ထဲမှထွက်ကာနဖူးကိုစမ်းမယ်လုပ်တော့ဦးကပန်းလက်ကိုဆွဲယူကာမြတ်နိုးစွာသူ့ပါးနဲ့ထိလိုက်၏။

"ကောင်းပါတယ်!"

"ဒါဆို ပန်းကိုဖက်ထားပေး"

နောက်တစ်ကြိမ်ထပ်တိုးဝင်တော့ထုံးစံအတိုင်းနဖူးကိုနမ်းကာကြားလေမတိုးရအောင်တင်းကြပ်စွာထွေးဖက်ထားမိသည်။

.....

.....

.....

.....

.....

.....

"ဦး...ဗိုက်အောင့်တယ်!"

မနက်အိပ်ရာနိုးတည်းကတစက်စက်ကိုက်နေသလို​လမ်းပင်မလျှောက်ချင်လောက်အောင်ဖြစ်နေသောကြောင့်ဦးကိုဖွင့်ပြောမိ၏။ဒီနေ့ကဓမ္မတာလာရက်ဖြစ်သလိုလာတိုင်းလည်းဗိုက်အောင့်တတ်တာကြောင့်ပျောက်သွားမှာပါဆိုသည့်အတွေးဖြင့်သည်းခံ၍နေခဲ့သည်။သို့သော်ပို၍ဆိုးလာသောကြောင့်မျက်စိမျက်နှာပျက်ကာပြိုတော့မယ့်မိုးလိုလို...

"ဟုတ်သားပဲ။ဒီနေ့period timeမလား!"

"ဟုတ်!"

"ကိုယ် စွပ်ပြုတ်ပူပူလေးလုပ်ပေးရမလား?"

"ရတယ်။ပန်း ခဏအိပ်လိုက်အုံးမယ်"

"အင်း...ကိုယ်စွပ်ပြုတ် ပြင်ဆင်လိုက်အုံးမယ်!"

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now