Part 8 🚨🚨🚨

7.2K 56 1
                                    

(Unicode)

"မာမီ့လုပ်ပုံကသိပ်မမိုက်ဘူးဆိုတာမာမီသိလား။"

မနက်စာထမင်းဝိုင်း၌ဖြစ်သည်။

"မင်းအတွက်လုပ်တာလေဥဿဒင်္ခ...ငါ့လုပ်ရပ်ကဘယ်လိုပဲဖြစ်နေနေမင်းအတွက်လုပ်ခဲ့တာမို့ဘာနောင်တမှရမှာမဟုတ်ဘူး"

"မလိုဘူး။ဒီနေ့ကစပြီးကျွန်တော့်အတွက်လုပ်ပေးတာမျိုးမလိုချင်ဘူး။ကျွန်တော့်အိမ်ထောင်ဖက်ကိုကျွန်တော်ကိုယ်တိုင်ရွေးချယ်မယ်။ဘယ်တစ်ဦးတစ်ယောက်ကမှဝင်ရောက်စွက်ဖက်ခွင့်ပြုမှာမဟုတ်ဘူး။တကယ်လို့ကျွန်တော်ရွေးချယ်တဲ့မိန်းကလေးကိုမာမီ့ဘက်ကသဘောမကျဘူးဆိုရင်မာမီ့ဘာသာအေးဆေးနေပါ။ထပ်ပြီးတော့မနှောင့်ယှက်ပါနဲ့"

သူ့ဘက်ကဒီထက်ပိုမပြတ်သားရင်အချိန်နှောင်းသွားလိမ့်မည်။အသက်(18)နှစ်ပြည့်ပြီးတည်းကကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာကိုယ်ပိုင်အစွမ်းအစနဲ့ကြိုးစားခဲ့သူမို့မည်သူကမျှဝင်ရောက်စွက်ဖက်တာကိုမခံချင်။

"ကြည့်စမ်း ကြည့်စမ်း မတော်တရော်မိန်းမတွေနဲ့တွေ့မှာစိုးလို့ဟဲ့။ဒီခေတ်ကြီးမှာပိုက်ဆံမက်တဲ့မိန်းမတွေတစ်ပုံကြီး။မင်းစည်းစိမ်ကိုမြော်ကိုးတဲ့မိန်းမနဲ့များတွေ့ရင်ဘယ်လိုလုပ်မလဲ"

"စိတ်ချပါ။ကျွန်တော်ရွေးချယ်လိုက်တဲ့မိန်းကလေးကမာမီထင်သိလိုမျိုးမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကသူ့အတွက်မက်မက်မောမောသုံးနိုင်မယ့်စည်းစိမ်ချမ်းသာတွေရှာပေးမှာ။ပြီးတော့ကျွန်တော်ရွေးချယ်တဲ့မိန်းကလေးကိုလက်လွတ်စပယ်မပြောစေချင်ဘူး"

"သမီးအရင်ထနှင့်မယ်အန်တီ!"

သားအမိနှစ်ယောက်ကြားမှာအပယ်ခံဖြစ်နေသောဒယ်ဒီနှင့်Sofiaကစိတ်ပျက်သည့်ပုံစံပေါက်နေသည်။ဒီစကားဝိုင်းကိုနားမထောင်ချက်တော့တာမို့Sofiaကယဥ်ယဥ်ကျေးကျေးနှုတ်ဆက်သွား၏။

"တွေ့လား။မင်းလုပ်ပုံကောင်းသေးရဲ့လား။ဘယ်လောက်ပဲသဘောမကျစေအုံးတော့ဧည့်သည်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံမှပေါ့!"

"အဲ့တာမာမီ့ဧည့်သည်လေ။ကျွန်တော့်ဧည့်သည်မှမဟုတ်တာ"

"မင်း တော်တော်ပြောမရဆိုမရဖြစ်နေပြီ!"

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now