Part 7

3K 45 0
                                    

(Unicode)

"ပန်းအရမ်းကြောက်တယ်!"

သူ့ရင်ခွင်ထဲ၌ခန္ဓာကိုယ်လေးကတစ်ဆတ်ဆတ်တုန်ကာရှိုက်နေသောကလေးငယ်ကြောင့်တင်းကြပ်စွာထွေးပွေ့ထား၏။

"ဟုတ်တာပေါ့။ကိုယ့်ကလေးတစ်ယောက်တည်းမိုးထဲလေထဲမှာအရမ်းကြောက်ရှာမှာပေါ့...မကြောက်နဲ့တော့နော်။ကိုယ်ရှိနေပြီ!"

"ချမ်းတယ်!"

နဖူးပေါ်ကျနေသောဆံနွယ်တို့ကြောင့်သပ်တင်ပေး၍ခပ်ဖွဖွနမ်းလိုက်တော့မော့ကြည့်လာသည်။သူကတီရှပ်ဖြင့်သာဝတ်ထားသောကြောင့်နွေးထွေးအောင်ဖက်ထားပေးရုံသာတတ်နိုင်သည်။တမာန်လဲမရောက်လာသေးသောကြောင့်အနွေးထည်လဲမရှိ။

"ညီမလေး!"

"ဟင် ကိုကြီး!"

"ကိုကြီး..!"

လျှံ့အသံကြောင့်သူ့ရင်ထဲကရုန်းထွက်ကာမော့ကြည့်လိုက်သည်။လျှံ့ကိုတွေ့တော့သူ့ကိုသတိမရတော့ပဲပြေးထွက်သွားသောကလေးကြောင့်နွေးထွေးကာစရင်ခွင်ကအေးစက်ကာဟာတာတာကြီးဖြစ်သွားသည်။

"မိုးရွေတွေစိုရွှဲနေတာပဲကွာ။လာ ကားထဲဝင်"

"ဟုတ်!"

"ဘယ်လိုရောက်လာတာလဲလျှံ!"

"ငါ ဟိုဘက်တစ်လမ်းကျော်မှာပစ္စည်းတွေဝင်ဝယ်ရင်းနဲ့ညီမလေးကိုသတိရလို့ခဏဝင်လာတာ။မင်းကရောဘာလို့မိုးရွေတွေစိုရွှဲနေရတာလဲ။မင်းကားကရော"

"အနောက်မှာ"

သူကကားကူရှင်ပေါ်မှာဒူးပိုက်၍ချမ်းနေရှာသောကလေးကိုကြည့်၍ဖြေလိုက်သည်။

"အေးကွာ။ငါသွားတော့မယ်"

"အင်းး!"

ကားကိုမမြင်ရသည်အထိတစ်ဆုံးထိလိုက်ကြည့်ရင်းမောင်နှမသံယောဇဥ်ကြားမှာသူဟာကလေးငယ်အတွက်သူစိမ်းပဲရှိသေးသည်ဆိုတာကိုတွေးမိသွား၍သက်ပြင်းချမိသည်။ကလေးကသူ့ရင်ခွင်ကရုန်းထွက်ရလောက်အောင်အခုချိန်ထိသူဟာကလေးရင်ထဲမှာမရှိသေးသည့်သဘောမဟုတ်ပါလား။ထိုအချိန်တမာန်ရောက်လာ၍ကားပေါ်တက်လိုက်၏။မိုးစိုနေသောဆံပင်တို့ကိုလက်ဖြင့်ဖြစ်သလိုခါလိုက်သည်။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now