Day 5
(Unicode)
ဦးဟာပန်းကိုပေါ်တီအောက်မှာချပေးပြီးရင်းနှုတ်ဆက်ဖော်မရပဲတန်းထွက်သွား၏။အိမ်ထဲမှထမင်းချက်သမားတွေကအဝတ်အစားတွေကိုလာယူသည့်တိုင်အောင်ပန်းဟာဦးချပေးသောနေရာ၌ကြက်သေ သေနေမိ၏။
'ဦးဟာဒီလောက်တုန်လှုပ်နေတာကိုပန်း မမြင်ဖူးခဲ့ပါ။တုန်လှုပ်နေသည်ဆိုတာထက်ဒေါသထွက်နေသည့်အရိပ်အယောင်မို့ဦး၏အလုပ်မှာဘယ်လောက်ထိပြဿနာဖြစ်နေလို့ပါလဲဟုတွေးမိသည်'
ည(8)နာရီအထိပြန်ရောက်မလာသေးသောဦးကြောင့်ဧည့်ခန်းကဆိုဖာပေါ်မှာဂနာမငြိမ်ဖြစ်ရသည်။လာနေသောRunning Manကလည်းတစ်ချို့အချိန်တွေဆိုရီရကောင်းရီရနိုင်ပေမယ့်အခုအချိန်မှာတော့စိတ်ဝင်စားမှုမရှိလှပါ။ပျင်းလို့မေမေ့ဆီဖုန်းဆက်ကြည့်တော့လည်းဖေဖေနဲ့ကိုကြီးလည်းအလုပ်ကိစ္စဆို၍ထွက်သွားကြတာပြန်မရောက်လာသေးဘူးဟုပြောသည်။တစ်ခါကဦးပြောဖူးသည်။ဦးအလုပ်ကကိုကြီးအလုပ်နဲ့အတူတူပဲတဲ့။
ထိုင်နေရာမှထကာဖုန်းကိုကောက်ကိုင်ရင်းထိက်ဆုံးကcountantကိုနှိပ်လိုက်၏။
"လူကြီးမင်း ခေါ်ဆိုသောတယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့်..."
ထပ်တူညီသောအသံကိုကြားရ၍အိမ်ပေါက်ဝကိုတစ်ချက်ကြည့်ကာအိမ်ပေါ်တက်လာခဲ့၏။မျက်နှာသစ်၊သွားတိုက်ကာအိပ်ဖို့လုပ်တော့၏။
"ဂွိ...ဂွိ!"
ဗိုက်ထဲမှအသံကိုလျစ်လျူရှုကာအိပ်ပျော်ရန်အတင်းကြိတ်မှိတ်ကာကြိုးစားရ၏။ခေါင်းအုံးပေါ်ရောက်တာနဲ့တန်းပြီးအိပ်ပျော်တတ်သောပန်းကအခုတော့အိပ်ပျော်ရန်ခက်ခဲ့နေသည်။
.....
.....
.....
.....
.....
အစည်းအဝေးလုပ်နေရာသို့သူရောက်တော့အားလုံးကစုံနေကြပြီဖြစ်သည်။Projecterပေါ်မှာပေါ်နေသောသူတို့ထုတ်ကုန်{5.8}billionsကိုမီးရှို့နေသည့်ပုံကိုကြည့်ရင်းအံကိုတင်းတင်းကြိတ်လိုက်၏။
"သူတို့ကသမ္မတလက်အောက်ခံအတော်ဆုံးအရာရှိတွေ။ငါတို့လူတွေဒီလမ်းကဖြတ်မယ်ဆိုတာတိတိကျကျသတင်းရထားတာ!"
YOU ARE READING
ဦးအချစ်တွေနဲ့.....။ ဉီးအချစ်တွေနဲ့.....။ (Complete)
Romansaဥဿဒင်္ခ_ကိုယ့်ရဲ့ကလေးကကိုယ့်အတွက်အလေးစားရဆုံးသောရှေ့နေပါ ကလေးရှေ့မှာအကြိမ်ကြိမ်ဒူးထောက်ခဲ့တဲ့ကိုယ်ကဒီတစ်ခါလည်းကလေးအတွက်မားမားမတ်မတ်ရှိနေပါ့မယ် တစ်ပွင့်ပန်း_ပန်းက ကမ္ဘာပေါ်မှာတစ်ပွင့်တည်းရှိတဲ့တစ်ပွင့်ပန်းပါ..ဦး တစ်ပွင့်တည်းလည်းရှင်သန်နိုင်တာမို့ပန်...