Ep 3

14.4K 473 4
                                    

Uni...

"ဘာ"

ထိုလူသား၏ စကားကြောင့် လှိုင်းဒေါသကြီးစွာအော်ငေါက်မိသည် ထိုလူအား လှိုင်းနားမလည်နိုင်ပါ..အကြောင်းရင်းမရှိ လူအနားကိုကပ်တွယ်ခဲ့သည် အကြောင်းရင်းမရှိဘဲ လူကို ဖမ်းခေါ်ထားသည် ဒါတောင် မျက်နှာတစ်ချက်မပျက်ဘဲ လူကိုစော်ကားနေတုန်း.....

"မကြားလို့လား...."

"မင်း...ဘာတွေ​ပြောနေတာလဲ ဒါကဘယ်နေရာလဲ ကိုယ့်ကိုပြန်ပို့ပေးပါ ကိုယ့်weddingရှိသေးတယ်"

"ဘာ​တွေပြောနေတာ ဘာမင်္ဂလာဆောင်မှ မရှိဘူး ဒါပေမယ့် မဂ်လာဦးညတော့ရှိတယ် ခင်ဗျားရဲ့သတို့သမီးလေးနဲ့တော့ မဟုတ်ဘူး ခင်ဗျား ယောက်ျား ကျုပ်နှင့်ပဲ မဂ်လာဦးရမှာ"

"ဘာ...မင်းဘာစကားပြောတာလဲ"

"ဟုတ်တယ် ကျုပ်ခင်ဗျားကို ခိုးပြေးလာတာ social media တွေမှာလဲ ပျံ့နေပြီလေ ရော့ကြည့်"

ပြောပြီးနောက် လွင့်ပေးလာသည့် သူဖုန်းအား လှိုင်းအသဲအသန်ကြည့်ရပါသည် မြင်လိုက်ရသော မြင်ကွင်းတို်.ကြောင့် လှိုင်းအသားတို့တဆတ်ဆတ်တုန်လျက်...

"မင်း..ယုတ်မာလှချည်လား ဘာလို့ဒီလိုတွေလုပ်ရတာလဲ ဘာလို့ကိုယ့်ကိုမှလဲ"

ရာဇသံလုပ်ငန်းစု၏အမွေဆက်ခံသူ 'လနက်ရာဇသံ 'မှ Uni ပါမောက္ခ​နှင့်အတူ နေထိုင်နေပြီဖြစ်ကြောင်း သက်သေပုံရိပ်များ.....

ဤစာတန်းနဲ့အတူ လှိုင်းအိပ်နေတုန်း သူရိုက်ထားသည့်ပုံများ..

လှိုင်းနာကျည်းစွာသူ့အားပြောလိုက်သည် ထိုအခါ

"အကြောင်းပြချက်မရှိဘူး လုပ်ချင်လို့လုပ်တာ" ဆိုသည့် သူ့အဖြေကြောင့် လှိုင်း ယောက်ျားတန်မဲ့ မျက်ရည်လည်ရပါသည်

"မင်းစာနာမပေးဘူးလား ကိုယ့်အတွက်မတွေးပေးရင်တောင် မင်း ရဒါ့အတွက်တွေးပေးသင့်တယ် သူက မိန်းကလေးတစ်ယောက် သူဘယ်လောက်.."

"စောက်ပေါက်ပိတ်ပြီးအေးဆေးနေ ကျုပ်ဒေါသကိုလာမဆွနဲ့"

"မင်းမို့လို့ လုပ်နိုင်တယ်"

"ဒီထက်ပိုပြီးလဲလုပ်နိုင်တယ် ခင်ဗျားပြောတဲ့ ယုတ်မာတယ်ဆိုတာ ဘယ်လိုမျိုးလဲ မပြစေချင်ရင် အေးဆေးနေ စောက်စကားမများနဲ့"

PERFECTTahanan ng mga kuwento. Tumuklas ngayon