Uni.....
"ခင်ဗျား..."
ရာဇသံ ဆဲဆိုရန်ဟန်ပြင်ပြီးမှ မော့ကြည့်လာသည် မျက်နှှာလေးကြောင့် ဆွံ့အ,သွားရသည်
မျက်ရည်စတို့တွဲလွဲခိုနေသည့် မျက်တောင်မွှေးတို့.....နီရဲနေသည့် နှာထိပ်လေးတွေ...ရာဇသံအတွက်တော့ ဒါက ညို့အားပြင်းတဲ့မြင်ကွင်းတစ်ခု..ရုတ်တရက်မြူဆွယ်ခံလိုက်ရသလို ခံစားရပြီးနောက် အကြည့်လွှဲမိသည်
"ကို်ယ့်ကိုအိမ်ပြန်ပို့ပေးပါ..."
"ဘာ...!
တိုးညှင်းစွာ ပြောလာသည့်စကားက ရာဇသံမကြားချင်ဆုံးစကားပါပဲ...
"ဒါကြောင့် မျက်ရည်ခံထိုးတာလား ငိုပြတော့ ကျုပ်ကသနားပြီး အိမ်ပြန်ပို့ပေးမယ်ထင်နေတာလား..ဟမ်"
"ကိုယ်တောင်းပန်ပါတယ် "
"တော်တော့ ကျုပ်ကိုဒေါသထွက်အောင်မလုပ်နဲ့ "
ပြောပြီးနောက် ကျောပြင်ကိုလက်တစ်ဖက် ဒူးကောက်ကွေးမှ လက်တစ်ဖက် လျှိုဝင်ကာ ပွေ့ချီလိုက်သည်
"မင်း ဘာလုပ်တာလဲ ကိုယ့်ကိုချပေးပါ"
"ခင်ဗျားက ချစေချင်တာလား"
ရာဇသံ မျက်ခုံးတစ်ဖက်ပင့်ကာမေးလိုက်တော့ အူကြောင်ကြောင်ဖြင့် ခေါင်းငြိမ့်ပြသည်
ရာဇသံ သက်ပြင်းချပြီး အပေါ်သာတက်လာခဲ့သည် ပွေ့လာရသည့် အငြိမ်မနေဘဲ တွန်းကန်လျက်...
"ဒီကလေးအိုတော့ တကယ် ချ လိုက်ရရင်ဖြင့်...."
...........
.
.
.
ကုတင်ပေါ်ချပေးပြီး ေဆးထပ်လိမ်းပေးလိုက်သည်"စားဖို့ယူလာခဲ့မယ် ပြေးချင်လည်းပြေး ခင်ဗျားသဘော"
ခနဲ့တဲ့တဲ့ပြောတော့ သူကခေါင်းငုံ့သွားပြန်သည် ဒီကလေးအိုဘာဖြစ်နေပါလိမ့် မျက်နှာငယ်လေးလုပ်လုပ်နေတာ...ဒါ ထွက်ပြေးမယ့် နည်းလမ်းအသစ်များလား...
တွေးရင်းဖြင့် ကလေးအိုအတွက် ချက်ပြုတ်ထားရသော ဆန်ပြုန်အား ပြန်နွှေးပြီး သေချာပြန်ပြင်ဆင်ပေးရသည် ပြီးနောက် ေန့လည်က အမေဖြစ်သူဆီ မေးကာ ရှာဖွေထားသော ေဆးတွေကို သေချာယူပြီး အပေါ်တက်လာခဲ့သည်

YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~