Unicode....
ကြည်နူးစရာကောင်းလှတဲ့ အိမ်မက်လေးတစ်ခုကို တည်ဆောက်နေရင်းမှာ..မျက်နှာကိုတည့်တည့်မတ်မတ်စူးကျလာတဲ့ နေရောင်ခြည်...နေရောင်ခြည်နဲ့အတူ ကျေးငှက်သံလေးတွေက သူ့ကို အိမ်မက်အတွင်းမှ ဆွဲထုတ်ရန်အစွမ်းကုန်ကြိုးစားနေကြသည်... ငြင်းဆန်နေမိသော်လဲ တဖြည်းဖြည်းအသိစိတ်ဝင်လာချိန်မှာတော့.. ခက်ခဲလှသည့် ဝင်လေများ..အသက်ရှုနှုန်းက ဖြည်းညှင်းလွန်းနေပြီး အသက်ရှုပင်မဝဖြစ်လာသည် သူအခု ရင်ဘတ်ကိုအဖိခံနေရတယ်လို့ခံစားရတယ်...အသက်ရှုလို့တောင်မရနိုင်အောင်အဖိခံထားရတာ...
တဖြည်းဖြည်းပိုခက်ခဲလာချိန်မှာတော့ မျက်လုံးတွေကိုဖွင့်လိုက်တော့သည် အသိစိတ်ဝင်သွားတော့ အသက်ရှုရမခက်တော့ပေ..သို့သော် ရင်ဘတ်ပေါ်က လေးလံမှုကိုခံစားနေရဆဲ..ဘာကများဒီလောက် ဒုက္ခ ပေးရတာလဲလို့ အလျင်စလိုကြည့်လိုက်တော့ တောင့်တင်းလှသည့်လက်တစ်ဖက်..အကြောတွေပြိုင်းပြိုင်းထောင်နေပြီး အလုံးအထည်အတော်ကြီးသည်..လှိုင်းလက်ကိုအစရှာကြည့်တော့ ကိုယ်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားသည့် မျက်နှာ...
လှိုင်းအလန့်တကြားထထိုင်မိသည် လူယုတ်မာ.. အဲဒီလူယုတ်မာက ဘယ်လိုသူ့အနားလာအိပ်နေရတာလဲ..ဟမ် မဟုတ်ဘူး ဒါသူ့အိပ်ယာလေ..ငါ..ငါကဘယ်လိုအဲပေါ်ရောက်နေရတာလဲ..ဟိုလူယုတ်မာကတော့ ရှုးရှုးရှဲရှဲနဲ့အိပ်ပျော်နေတုန်း...လှိုင်း ကိုယ့်ခန္ဓာကို ပြန်စစ်ဆေးကြည့်သည်..
ဘာမှတော့မဖြစ်ဘူးပဲ...
ဟူး..အိမ်မက်ယောင်ပြီးတက်မိတာများလား ညကတော့အောက်မှာအိပ်တာသေချာပါတယ်
တစ်ယောက်တည်း စိတ်ထဲတွေးရင်း ဟိုလူယုတ်မာမနိုးအောင် ဖြည်းဖြည်းချင်းထ,လိုက်သည် ပြီးတော့ ညကသူဖွက်လိုက်သည့် ဖုန်းနှင့် Sim cardလေးကို အိပ်ယာခင်းအောက်မှ အသာလေးထုတ်ကာ ရေချိုးခန်းထဲ အမြန်ဝင်ခဲ့တော့သည်..
"ဟဲလို ရဒါ..."
ပထမဆုံးဆက်သွယ်ချင်မိသည့်လူ...တောင်းပန်ချင်သည့်လူ...ရှင်းပြချင်သည့်လူ...
"ကိုလှိုင်းသဝဏ်လွှာ "
"အင်း ရဒါ ကိုယ်တောင်းပန်ချင်လို့ပါ ပြီးတော့"

ESTÁS LEYENDO
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~