Ep 8

11.7K 361 4
                                    

Uni....

"ခင်ဗျား ရေသွားချိုးစမ်းပါ"

"ငါပြောပြီးသားလေ"

ဝတ်စရာအဝတ်မရှိလို့်ပါဆိုပြီး ရေမချိုးချင်သည့် ကလေးအိုအား ရာဇသံအတော်လေးလက်လန်မိသည်..လွန်ခဲ့တဲ့နေ့တွေ ရာဇသံရဲ့ အက်ျီသစ်ကိုပေးထားလို့ ဝတ်သေးသည် အခုက အသစ်မရှိတော့တာကို အဲဒါတွေကိုလဲ ပြန်မဝတ်ချင်..ရာဇသံ့အဝတ်လဲယူမဝတ်ချင်ဖြစ်နေသည်...ပြီးခဲ့တဲ့ရက်ကတည်းက ကလေးအိုနဲ့သူဆက်ဆံရေးတော်တော်အဆင်ပြေလာပြီး..ကလေးအိုကလဲ အတော်ရဲတင်းလာပြီဖြစ်သည်..အရင်က လှိုင်းသဝဏ်လွှာဆိုသည့် ဆရာတစ်ယောက်နဲ့ကွဲပြားလှသည့်ပုံစံတွေကိုလုပ်တတ် ပြောတတ်လာသည်

"ဒါဆိုခင်ဗျားက ရေမချိုးဘဲတစ်သက်လုံးနေမှာလား..အ့လိုဆိုရင်တော့ White and Brownတော့ပျော်နေတော့မယ် သူတို့နဲ့​ေန​မယ့် အဖော်သစ်ရပြီဆိုပြီး"

"မင်းငါ့ကိုခွေးနဲ့မနှိုင်းနဲ့"

"မနှိုင်းပါဘူး နှိုင်းစရာလား ကျုပ်ခွေးတွေကရေချိုးတယ်"

ရာဇသံ ရွဲ့ပြောလိုက်တော် ကလေးအိုက မျက်စောင်းမမည်သော အကြည့်ဖြင့်ကြည့်လာသည်...

"ငါရေချိုးချင်တယ် ဒါမယ့် မင်းအဝတ်တွေမဝတ်ချင်ဘူး"

"ဟ ဒါဆိုခင်ဗျားက ဘာဖြစ်ချင်တာလဲ"

"မြို့ထဲသွားမယ်"

သိလိုက်ပါပြီ..ရာဇသံ သိလိုက်ပါပြီ အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်နေတာ အကြောင်းမဲ့မဟုတ်ဘူး..ပြေးမလွတ်မှန်းသိလို့ အနုနည်းနဲ့လူကို ထိန်းချုပ်ချင်တာ..

ရာဇသံဘာစကားမှမပြောဘဲ cigaretteတစ်လိပ်ယူပြီး ဝရံတာဆီထွက်ခဲ့လိုက်သည်

"ငါမပြေးပါဘူး ငါ့အဝတ်တွေယူပြီး ငါမင်းနဲ့ပြန်လိုက်လာမှာ မဟုတ်ရင်လဲ မင်းသွားယူ ငါစောင့်နေမယ်"

"ဉာဏ်မများနဲ့ဆရာကြီး..ကျုပ်ကခင်ဗျားကျောင်းသားမဟုတ်ဘူး"

"ငါ့ယောက်ျားဆို..."

ချက်ချင်းပက်ခနဲ ပြန်ပြောသည့်စကားကြောင့် ရာဇသံ cigaretteသောက်နေသည့်လက်တို့ရပ်တန့်ကာ ကလေးအိုအားမှင်သက်စွာကြည့်နေမိသည်...

PERFECTWhere stories live. Discover now