Ep 30 (end)

18.6K 331 19
                                    

Uni...

"ပေါက်စလေးရေ...ချိုချိုသောက်မယ်နော်"

နို့ဘူးလေးကိုကိုင်ရင်း ကလေးကို ချော့မြူနေသည့် လွှာအား လနက်မကြည်ကြည့်ကြည့်လိုက်သည်..

"လွှာ..ဘာလို့မောင့်ကိုမစောင့်တာလဲ"

"ဟာ..မင်းနိုးသည်အထိ ငါကထိုင်စောင့်နေရမှာလား.."

ပုခက်ထဲက ကလေးကို နို့ဗူးဖြင့်တိုက်ရင်း လနက်ကိုလှမ်းပြောသည်..လနက်လဲ အရေးပေးမခံရတာကြောင့် စိတ်ကသိပ်မကြည်ချင်...

"မောင့်ကိုနိုးပါလား..မောင်က နိုးနိုးချင်းလွှာ့မျက်နှာလေးကိုမြင်ချင်တာကို"

"အပိုမပြောနဲ့..အာပေါက်ခါနီးအောင် နှိုးနေရမှာကို"

"လွှာကလေ မောင့်ကိုဆိုဘယ်တော့မှအလိုမလိုက်ဘူး...အခုဆိုပိုဆိုး"

လွှာ့နောက်ကျောဘက်ကို သိုင်းဖက်ရင်း ချွဲကာပြောတော့ လွှာက ရုန်းသည်..ကလေးကို တယုတယချီလိုက်ပြီး နမ်းလိုက်ရှုံ့လိုက်နဲ့..

"ပေါက်စလေးရေ...ကြည့်ပါအုန်း ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတာဘယ်သူကြီးလဲ..."

"လွှာ..ရာ.မောင့်ကိုဂရုစိုက်ပါအုန်း"

"မောင် ကလေးကိုငါတို့ဘယ်လိုနာမည်ပေးကြမလဲ"

"မသိဘူး!

စိတ်ဆိုးနေကြောင်းသိသာစေရန် လေသံကိုလိုတာထက်ပိုကျယ်လျက်ပြောလိုက်သည်..ထိုအခါလွှာက ခပ်ပြုံးပြုံးသာလုပ်နေပြန်သည်..
သူ့စိတ်တိုင်းကျပဲ...

"မောင်လို့.."

"ဘာအခုမောင်လဲ...သွား ကလေးရောချီပြီးဝေးဝေးသွား"

လိုချင်တာရှိမှ မောင်ခေါ်တတ်သော လွှာ့အကြောင်းကိုနောကျေနေပြီမို့ လနက် မျက်နှာလွှဲကာ ပြောလိုက်သည်..

"မောင်ကလဲကွာ..ချစ်စရာကလေးလေးကိုချီကြည့်ပါအုန်း"

ကလေးကို လနက်နားတိုးပေးကာပြောလာသည်မို့ လနက် ကလေးအား အနီးကပ်လေးမြင်နေရသည်..ကလေးက ဖြူဥဥလေးနဲ့တကယ်ချစ်စရာလေးပင်..လနက်လဲ ချီကြည့်ချင်စိတ်လေးပေါက်လာတာမို့ ကလေးကိုအသာအယာလေးချီကြည့်သည်..

PERFECTWhere stories live. Discover now