Uni...
caféတစ်ခုဝယ်....
ကိုယ် တောင်းပန်ပါတယ်ဆိုတာကလွဲပြီးတခြားမပြောတတ်တော့ပါဘူး"
ကို့စကားကြောင့် ရဒါ ဆွေးမြေ့စွာပြုံးမိသည်..ကိုကတောင်းပန်တယ်ပဲပြောနေတာ..အကြောင်းရင်းတွေကို ရှင်းပြဖို့စိတ်ကူးရှိပုံမရပါ...
"ရပါတယ် ကိုလှိုင်းသဝဏ်လွှာ ရဒါက အဲဒီကိစ္စကိုမေ့မရသေးပေမယ့် မနာကျည်းပါဘူး"
"ရဒါ...ကိုယ်တကယ်မရည်ရွယ်ခဲ့ဘူး...အဲဒီကိစ္စကမထင်မှတ်ဘဲ ဖြစ်သွားရတာပါ.. ရဒါ့ကို သိက္ခာချချင်လို့တမင်လုပ်ခဲ့တာတော့မဟုတ်ပါဘူး"
ဘာတွေဖြစ်ခဲ့လဲ ရှင်းပြပေးသင့်တယ်လေ ကိုလှိုင်းသဝဏ်လွှာရယ်...ရဒါလဲ သိသင့်သလောက်သိထားပြီးပြီဆိုပေမယ့် ကို့ဆီကစကားနဲ့လဲ အတည်ပြုကြည့်ချင်ပါသေးတယ်..
"ရပါတယ်..ရဒါက ဂုဏ်တွေ သိက္ခာတွေကို ဂရုစိုက်တတ်တဲ့သူမှမဟုတ်ဘဲ..ရဒါ ကိုယ့်မေတ္တာတွေကိုယ်ပဲ နှမြောမိတယ်..အလဟဿဖြစ်သွားရတဲ့ ချစ်ခြင်းမေတ္တာတွေပေါ့"
ပြုံးထားတယ်..ပြုံးရင်းဖြင့်ပင် တည်ငြိမ်စွာပြောလိုက်သည်..ရဒါက မျှော်လင့်ချက်တွေ တပွေ့တပိုက်ထားပြီးမှ ရိုက်ချခံလိုက်ရသူမို့ နာကျင်စရာတွေ များနေတာအမှန်..သို့သော် အပြုံးမပျက်ခဲ့ပေ...
"ရဒါ အကောင်းဘက်ကတွေးပါ...ရဒါ့ရဲ့ချစ်ခြင်းမေတ္တာတွေက နေရာမှန်ရောက်သွားတာပဲမလား"
"ဟွန်းးကိုလှိုင်းသဝဏ်လွှာကတော့ နေရာမှန်မဟုတ်ဘူးပေါ့"
"ရော်..နေရာမှန်မဟုတ်လို့ဘဲ အခုလိုတွေဖြစ်သွားတာပေါ့"
"အင်း...ကံကြမ္မာကိုတောင်ကျေးဇူးတင်ရမလို..အကယ်၍ ကြမ္မာအလှည့်အပြောင်းတွေမရှိခဲ့ရင် ခုချိန်ထိ မဖြစ်နိုင်တဲ့လူဆီမှာ အချိန်ကုန်နေရအုန်းမှာ"
"ဟင်းး...ရဒါ ကိုယ်ရဒါ့ကိုမချစ်ခဲ့ပေမယ့် ချစ်ဖို့ကြိုးစားခဲ့ပါတယ် ဒါကိုယုံပေးပါ ဒီပြဿနာတွေကလဲ မထင်မှတ်ဘဲ ဖြစ်သွားရတာတွေချည်းပါ...ကိုယ်..မင်းအပေါ်စစ်မှန်ခဲ့ပါတယ်"
"ရှင်းပြပေးလေ..အဲဒီ မရည်ရွယ်ဘဲ..မထင်မှတ်ဘဲ ဆိုတာကို...ဘယ်လိုဖြစ်သွားရတာလဲ"
![](https://img.wattpad.com/cover/339179030-288-k375104.jpg)
YOU ARE READING
PERFECT
Romanceကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~