Ep 16

12.1K 357 14
                                        

Uni...

"လွှာ ပျင်းနေပြီလား ခဏပဲစောင့် မောင်ပြီးတော့မှာ"

အလုပ်တွေလုပ်နေရင်းက ငေးငေးငိုင်ငိုင်ဖြစ်နေပြီဖြစ်သော လွှာ့အားလှမ်းပြောရသေးသည်..တစ်မနက်လုံး ဟိုနားသွားကြည့် ဒီနားသွားကြည့်လုပ်ပြီးနောက်မှာ မောသွားလို့ထင် လနက်ရဲ့မျက်နှာချင်းဆိုင်က ခုံပေါ်မှာထိုင်ပြီး ဟိုငေးဒီငေးလုပ်နေလေပြီ...

"ရတယ် ဖြည်းဖြည်းလုပ် ငါသွားနှင့်မယ် ဗိုက်ဆာပြီမို့ နောက်မှ အေးဆေးလိုက်ခဲ့"

လွှာက စားပွဲပေါ်တင်ထားသည့် လနက်ရဲ့ကားသော့အားယူကာ ထွက်သွားရန်ပြုလေသည်..လနက်မှာသာ ဘာပြောရမှန်းမသိ ကြောင်တောင်တောင်နဲ့..

"မဟုတ်ဘူးလေ မောင့်ကိုစောင့်အုန်း လွှာ..လွှာရေ မောင်လာပြီ"

အော်ခေါ်နေပေမယ့် လှည့်မကြည့်ဘဲကားသော့​လေးရမ်းကာ ထွက်သွားသူနောက်သို့ လုပ်လက်စအလုပ်တွေအားပစ်ထားခဲ့ကာ လိုက်ရသည်..လွှာက တကယ် စိတ်မြန်လက်မြန်လေး..​ မြေ​ညီထပ်ရောက်တော့ ဆရာကြီးက ကောင်တာရှိ ဝန်ထမ်းတစ်ချို့ကို ပြုံးပြရင်းနှုတ်ဆက်နေသည်ကိုတွေ့ရသည်..လနက် ဘာရယ်မသိ စိတ်ထဲနောက်ကျိသွားသည်..အဲဒီကလေး​အိုကလေ လနက်ကလွဲရင် အားလုံးအတွက် သူ့အပြုံးတွေ ဖောဖောသီသီဖြစ်နေတာ...

"လွှာ သွားမယ်လေ ဗိုက်ဆာပြီဆို"

လနက် အနားကပ်ကာ ပြောတော့မှ သူကအံ့သြသွားဟန်ဖြင့် ကြည့်သည်

"ရောက်လာပြီလား အလုပ်မပြီးသေးဘူးထင်တာ"

"ထားခဲ့လိုက်ပြီ လွှာတစ်ယောက်ထဲဖြစ်နေမှာစိုးလို့"

လနက်စကားကြောင့် လွှာက မျက်ခုံးပင့်ပြီး နှုတ်ခမ်းပါရွဲ့လိုက်သေးသည်..ပြီးတော့မှ အပြင်ကိုထွက်သွားလေသည်..လနက် လွှာ့နောက်ကိုလိုက်မသွားသေးဘဲ ထိုနေရာတွင်ရှိနေသော ဝန်ထမ်းများကြားနိုင်သည့်အသံအနေအထားရောက်အောင် Volumeမြင့်ပြီးပြောလိုက်သည်

"နောက်တစ်ခါ သူ့မျက်နှာကိုရုတ်တရက်တောင်မကြည့်မိစေနဲ့ ကြည့်မိတာနဲ့ မျက်လုံးတွေအကုန်ဖောက်ထုတ်ပစ်မယ်!!

PERFECTWhere stories live. Discover now