Ep 7

12.3K 398 0
                                    

Uni...
.
.

"ဟမ် ဒါ ဘယ်နေရာလဲ "

လှိုင်းအိပ်ယာနိုးလို့ မျက်စိဖွင့်တာနဲ့ မြင်လိုက်ရတဲ့ စိမ်းသက်သည့်မျက်နှာကျက်ကြောင့် အတွေးများရသည် ဘေးပတ်လည်ကို မျက်လုံးလေးဝေ့ကြည့်ပြီး တဖြည်းဖြည်းသတိရလာတာကာ..

"ဟာ ဒါဟိုလူရဲ့ အိပ်ခန်း ငါဘယ်လိုရောက်နေတာလဲ ငါအိမ်မှာအိပ်တာသေချာပါတယ်"

မလှုပ်မယှက်ဖြင့် အပေါ်တည့်တည့်ကိုကြည့်ပြီး စဥ်းစားနေမိသည်

"ငါ ပြီးခဲ့တဲ့ ကိစ္စ​တွေကို စိတ်စွဲနေလို့များအိမ်မက်ထဲအထိပါလာတာလား"

ဟိုတွေးဒီတွေးတွေးရင်းဖြင့် ဘေးလှည့်လိုက်တော့ မြင်လိုက်ရသူက ဟိုလူယုတ်မာ..
သူကခေါင်းအုံးပေါ်လက်ထောက်လျက် လှိုင်းကိုပြုံးကာကြည့်​ေနသည် လှိုင်းခေါင်းရမ်းကြည့်မိသည် သို့သော် ထိုလူယုတ်မာက ပျောက်ကွယ်မသွား...
သူနဲ့လှိုင်း.. အတော်လေးနီးကပ်နေသည်ကြောင့် ထိုလူ၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ်မြင်နေရသည် ထိုသူကတော့ မြင်နေကျပုံစံအတိုင်း Tomမျက်ခွက်ပြောင်နေသလို...

လှိုင်းမသိလိုက်မိပါဘဲ သူ့ရဲ့နှာတံမြင့်မြင့်တွေကိုဆီကို လက်လှမ်းမိလိုက်သည်..အတော်လေးကြည့်ကောင်းတယ်..မဟုတ်ဘူး..ကြည့်ကောင်းတယ်ဆိုတာထက် ပိုတယ်..

"အာ့"

လှမ်းနေသည့်လက်တို့ ဖြတ်ခနဲရိုက်ခံလိုက်ရတာကြောင့် လှိုင်းတအံ့တသြဖြင့် သူ့အားကြည့်နေမိသည်...အိမ်မက်ထဲမှာ အခုလိုရိုက်လို့ရသလား..ရိုက်ရင်ရောနာသလား...

"ကြည့်ရရင်တော်ပီပေါ့"

ဟင်...လှိုင်း အတော်လေးရှုပ်ထွေးသွားတော့သည် အိမ်မက်မဟုတ်ဘူးလား...ဒါ..ဒါဆိုဒီကိုဘယ်လိုရောက်နေတာလဲ..
ရှက်တာရော လန့်တာရောပေါင်းကာ လှိုင်းပူလောင်စွာဖြင့် ဆွံ့အနေမိသည်

"ဒီ..ဒီကိုဘယ်လိုရောက်​နေရတာလဲ"

တစ်ယောက်တည်းရေရွတ်မိသည်..အိမ်မက်မဟုတ်ဘူးဆို..ဘယ်လို သူနဲ့ဒီနေရာမှာရှိနေရတာလဲ..လှိုင်းမနေ့က အဖြစ်အပျက်တွေကို ပြန်တွေးကြည့်တော့လဲ ဒီအိမ်ကဘယ်နေရာမှာမှပါမနေ..

PERFECTWhere stories live. Discover now