Uni...
"လနက် မင်းဘာဖြစ်နေတာလဲ ထတော့ ငါနောက်ကျတော့မယ် "
ကိုယ်လုံးတစ်ခုလုံးကို လှုပ်ကာ နှိုးနေပေမယ့် မှောက်ခုံအိပ်နေသူ လနက်က တစ်စက်မှပင်လှုပ်မလာ..
"ကျစ် အိပ်ခဲ့တော့ ငါအပြင်မှာစားပြီးသွားတော့မယ်"
လှိုင်းလက်လျှော့လိုက်ပြီး အိပ်နေသူရဲ့လက်မောင်းကိုတစ်ချက်ခပ်ဆတ်ဆတ်လေးရိုက်ကာပြောလိုက်သည်..
"အာ့.."
ထွက်သွားရန်ပြုစဥ် ဆောင့်ဆွဲခံလိုက်ရတဲ့ လက်ကြောင့် လူက ကုတင်ပေါ် ပစ်လဲကျသွားသည်..တရားခံကတော့ ရှာစရာမလိုပေ..အိပ်ချင်ယောင်ဆောင်နေတဲ့ အနက်ရောင်လကြီးပေါ့...
"လနက် မင်းဘာလုပ်တာလဲ"
လနက်က မျက်လုံးတွေတော့ ဖွင့်မလာပါဘဲ လှိုင်းကိုအတင်းကျပ်သိုင်းကာဖက်ပြီး သူ့ကိုယ်လုံးနဲ့အုပ်မိုးထားလေသည်..လှိုင်း နေရခက်တာကြောင့် ရုန်းနေပေမယ့် သူကတော့ အားအပြည့်ဖြင့်တင်းကျပ်စွာဖက်ထားလေသည်..
"လနက် ငါနောက်ကျလိမ့်မယ်..မင်းကနောက်ကျရင်ကိစ္စမရှိပေမယ့် ငါကနောက်ကျလို့မရဘူး..."
"Kiss"
"ဟမ်.."
လှိုင်းရုန်းနေတာခဏရပ်သွားပြီး ကြောင်တောင်တောင်လေးဖြစ်သွားကာ လနက်ကိုကြည့်လိုက်သည်..လနက်ကာ ပြုံးတုံ့တုံ့ဖြစ်နေပေမယ့် မျက်လုံးတော့ဖွင့်မလာပေ..
"Morning Kissလိုချင်တယ်"
လှိုင်းဘာမှပြန်မဖြေဘဲ အားရှိသလောက်နဲ့သူ့ရင်ခွင်ထဲမှရုန်းထွက်ဖို့ကြိုးစားကြည့်သည်..ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ...
"Kiss ပေးရင်လွှတ်ပေးမယ်"
"မင်းနော်..ငါ့ကိုအမြဲအခွင့်အရေးမယူနဲ့"
လနက်ကမျက်လုံးတွေဖွင့်လာပြီး လှိုင်းပါးကိုနမ်းရှုံ့လိုက်တာကြောင့် လှိုင်းရဲ့မျက်နှာပြင်လေးတစ်ခုလုံး နီရဲသွားသည်...နူးညံ့တယ်..ဟုတ်တယ်..တကယ့်ကိုမှနူးနူးညံ့ညံ့လေးနမ်းလိုက်တာ..
"မလိမ်နဲ့ လွှာလဲမောင့်ကိုနမ်းချင်နေတာမဟုတ်လား"
"မဟုတ်တာ"
KAMU SEDANG MEMBACA
PERFECT
Romansaကိုယ်က လ မင်းက လှိုင်း ကိုယ်တို့ကလိုက်ဖက်တယ်မထင်ဘူးလား... ကျုပ်က ရာဇသံ ခင်ဗျားက သဝဏ်လွှာ... ကျုပ်တို့က perfect ဖြစ်တယ်မထင်ဘူးလား.... လနက်ရာဇသံ +လှိုင်းသဝဏ်လွှာ ~~~